အသက် ၁၅ နှစ်ကတည်းက ရည်းစားထားခဲ့ပြီး တိတ်တဆိတ်လက်ထပ်ခဲ့ဖူးတဲ့ Penthouse  မင်းသမီး Lee Ji Ah - TrueID

အသက် ၁၅ နှစ်ကတည်းက ရည်းစားထားခဲ့ပြီး တိတ်တဆိတ်လက်ထပ်ခဲ့ဖူးတဲ့ Penthouse  မင်းသမီး Lee Ji Ah

August 8, 2023

Penthouse ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ လူသိများ အောင်မြင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးကြီး Lee Ji Ah ဟာဆိုရင် အသက် ၁၅ နှစ် အရွယ်ကတည်းက ရည်းစားထားခဲ့တဲ့သူလို့ သိရပါတယ်။ Lee Ji Ah က မကြိုက်သင့်တဲ့သူကို ကြိုက်ခဲ့မိပြီး မဖြစ်သင့်တဲ့ အရာတွေ ဖြစ်ခဲ့တယ်လို့လည်း သူမကိုယ်တိုင် ဖွင့်ဟ ပြောဆိုခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ Lee Ji Ah က Athena: Goddess of War ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်မှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Jung Woo Sung နဲ့ ချစ်ကြွမ်းဝင်ခဲ့ပြီး တွဲခဲ့ကြပါတယ်။ သူတို့နှစ်ဦး လူသိရှင်ကြားတွဲနေတဲ့ အချိန်မှာ လူတွေ မသိသေးတဲ့ လျို့ဝှက်ချက်ကြီးတစ်ခု ပေါက်ကြားခဲ့ပါတယ်။

 

null

အဆိုပါ လျို့ဝှက်ချက်ကြီးကတော့ မင်းသမီး Lee Ji Ah တစ်ယောက် အဆိုတော် Seo Taiji နဲ့ ၁၉၉၇ ခုနှစ်ကတည်းက တိတ်တဆိတ် လက်ထပ်ထားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မင်းသမီး Lee Ji Ah က အဆိုတော် Seo Taiji နဲ့ အနုပညာလောကထဲကို မရောက်ခင်ကတည်းက တွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါအချိန်တုန်းက  Seo Taiji က အသက် ၂၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး Lee Ji Ah ကတော့ အသက် ၁၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ သူတို့နှစ်ဦးက အသက် ၆ နှစ်တိတိ ကွာကြပါတယ်။ မင်းသမီး Lee Ji Ah က အသက် ၁၉ နှစ်အရွယ်ရောက်လာချိန်မှာ အဆိုတော် Seo Taiji နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးလက်ထပ်ပြီးနောက်မှာ Atlanta နဲ့  Arizona မှာ ခဏနေထိုင်ခဲ့ကြပါတယ်။ သူတို့ နှစ်ဦးက ၁၉၉၇ ခုနှစ်မှာ လက်ထက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အဆိုတော် Seo Taiji ဘက်က  ကွာရှင်းဖို့ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ဦးသား အချိန်အကြာကြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ တရားဝင် ကွာရှင်းခဲ့ကြပါတယ်။

null

မင်းသမီး Lee Ji Ah လက်ထပ်ခဲ့ဖူးတယ်ဆိုတဲ့ သတင်းက မင်းသား Jung Woo Sung နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းအပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။ ဒါ‌ ကြောင့် Lee Ji Ah အနေနဲ့ အဆိုပါ သတင်းတွေကို ချက်ချင်းဆိုသလိုပဲ ဖြေရှင်းခဲ့ရပါတယ်။ မင်းသား Jung Woo Sung ကလည်း သူကြိုက်နေတဲ့ ကောင်မလေးက အိမ်ထောင်သည်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အမှန်တရားကို လက်ခံပေးခဲ့ပြီး ချက်ချင်းကြီး လမ်းမခွဲခဲ့ပါဘူး။ သူတို့ နှစ်ဦးက အချိန်တွေအချိန်အနည်းငယ် ဆက်ပြီး တွဲခဲ့ကြပါတယ်။ မင်းသမီး Lee Ji Ah နဲ့ မင်းသား Jung Woo Sung  တို့က လမ်းခွဲပြီးနောက်မှာလည်း ဆက်ဆံရေးတွေ မပျက်ကြသေးဘဲ လက်ရှိ အချိန်ထိ သူငယ်ချင်းတွေအဖြစ် ဆက်ဆံရေးလေးကို ထိန်းထားနိုင်ခဲ့တုန်းပဲ ဖြစ်ပါတယ်။

null

အနုပညာ လမ်းကြောင်းထက်ဆီကို မရောက်ခင်အချိန် ကတည်းက အိမ်ထောင်ရှိနေတဲ့ တောင်ကိုရီးယား မင်းသမီး Lee Ji Ah ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးလိုက်ပါတယ်။

null

Read More
Loading...
Loading...