အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးသွားတဲ့ ထိုင်းမင်းသား Papangkorn 'Beam' - TrueID

အိပ်ပျော်နေစဉ် ရုတ်တရက်သေဆုံးသွားတဲ့ ထိုင်းမင်းသား Papangkorn 'Beam'

April 1, 2022

ယမန်နေ့ ဗုဒ္ဓဟူးနေ့ ၊ မတ်လ ၂၃ ရက်နေ့တုန်းက  ထိုင်းနိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင် Netflix မင်းသားတစ်ယောက်ဖြစ်တဲ့ Papangkorn 'Beam' ကို အိပ်ပျော်နေစဉ်မှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားချိန်မှာ ထိုင်းမင်းသား Papangkorn 'Beam' ရဲ အသက်က ၂၅ နှစ်ပဲရှိပါသေးတယ်။

null

မိခင်ဖြစ်သူရဲ့ ပြောဆိုချက်အရ ထိုင်းမင်းသား Papangkorn 'Beam' ဟာ သူ့ရဲ့ အခန်းထဲမှာ အိပ်ပျော်ရင်း သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ သူမအနေနဲ့ အိပ်ပျော်နေတဲ့ သားဖြစ်သူကို တတ်နိုင်သမျှ နှိုးပေမယ့်လည်း သားဖြစ်သူက နိုးမလာဘဲ မလှုပ်မယှက်ဖြစ်နေတယ်လို့ သိရပါတယ်။ သားဖြစ်သူ အသက်မရှူနေတာကို သိလိုက်ရတဲ့အချိန်မှာ သွေးပျက်မတတ် အံ့သြတုန်လှုပ်ခဲ့တယ်လို့ မိခင်ဖြစ်သူက ဆိုထားပါတယ်။

null

မိခင်ဖြစ်သူ သိသိချင်းမှာ သားဖြစ်သူကိုဆေးရုံကို ပို့ပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ မိခင်ဖြစ်သူက ဆိုပါတယ်။

null

ထိုင်းမင်းသား Papangkorn 'Beam' ရဲ့ သေဆုံးမှုကို အတည်ပြုခဲ့ပြီးပြီးဖြစ်ပေမယ့် သေဆုံးမှုကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။

null

အင်စတာဂရမ် စာမျက်နှာပေါ်မှာ နောက်ဆုံးတင်ထားတဲ့ ပိုစ့်အရ ထိုင်းမင်းသား Papangkorn 'Beam' ဟာ မသေဆုံးခင် နံနက်ခင်းမှာ ဘောလုံးကစားခဲ့တယ်လို့ိသိရပါတယ်။

null

ထိုင်းမင်းသား Papangkorn 'Beam' ဟာ Netflix စီးရီးတွေဖြစ်တဲ့ Nong Mai Rai Borisut ၊ Rueng Lap Lang ၊ Mister Merman ၊ Sleepless Society: Bedtime Wishes ၊ Bang Rachan ၊ Blue Wave နဲ့ Stranded ဇာတ်လမ်းတွဲတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပါတယ် ။

null

ထိုင်းမင်းသား Papangkorn 'Beam' ရဲ့ အဖြေရှာမရတဲ့ ရုတ်တရက်သေဆုံးမှုကြီးက ထိုင်းနိုင်ငံ လူငယ်တွေကြားမှာ စိတ်ဝင်စားမှု  မြင့်တတ်နေတဲ့ တုန်လှုပ်ခြောက်ခြားမှု ဖြစ်ရပ်ကြီး အဖြစ် လူပြောများနေခဲ့ပါတယ်။

Source – Bangkokpost

Image - Google

 

 

Read More
Loading...
Loading...