ကျိကျိတက်ချမ်းသာလွန်းတဲ့သူဌေးသမီးလေးကို ရယူပိုင်ဆိုင်ထားတဲ့ ရိန်း - TrueID

ကျိကျိတက်ချမ်းသာလွန်းတဲ့သူဌေးသမီးလေးကို ရယူပိုင်ဆိုင်ထားတဲ့ ရိန်း

August 8, 2023

တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင်ရိန်းဟာဆိုရင် ကျိကျိတက်ချမ်းသာလွန်းတဲ့ တောင်ကိုရီးယားမင်းသမီး ကင်တေဟီးကို အရယူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ကင်တေဟီးက အလှဘုရင်မတစ်ယောက်ဖြစ်ပြီး မျက်နှာလေးကလည်း ကြွေရုပ်လေးတစ်ရုပ်လိုမျိုးချောမောလှပလွန်းတဲ့သူလေးဖြစ်ပါတယ်။

null

ကင်တေဟီးက ချမ်းသာတဲ့မျိုးရိုးကနေ ဆင်းသတ်လာတဲ့သူဖြစ်ပြီး သူမရဲ့ ဖခင်ကြီးက Hankook Union Transportation Company ရဲ့ ဥက္ကဌကြီး ဖြစ်ပါတယ်။ ဖခင်ကြီး ကုမ္ပဏီက တစ်နှစ်တာ ဝင်ငွေက တောင်ကိုရီးယားဝမ် ၁၅ ဘီလီယံ ကျော်ပါတယ်။

null

ချမ်းသာလွန်းတဲ့ သူဌေးသမီးလေး ကင်တေဟီးက အသိုင်းအဝိုင်း အရမ်းကြီးတဲ့ ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ကို အရယူနိုင်ပေမယ့်လည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ခပ်မိုက်မိုက် မင်းသားချောလေး ရိန်းကို လက်ခံပေးခဲ့ပါတယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ ဖူးစာလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

null

ဖူးစာမှန်ကန်လို့ ပြောရမလားမသိပေမယ့် ရိန်းနဲ့ကင်တေဟီးတို့က လက်ထပ်ပြီးတဲ့နောက်မှာ ချမ်းသာတဲ့ မိဘတွေရဲ့ အရှိန်အဝါထက်စာရင် သူတို့ကိုယ်ပိုင် အရှိန်အဝါကြောင့် ပိုပြီးတောက်ပခဲ့ကြပါတယ်။

null

သူတို့နှစ်ဦးက လက်ရှိမှာ တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး စုံတွဲတွေထဲက တစ်တွဲအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ချမ်းသာလွန်းပြီး ချောမောလှပလွန်းတဲ့ ရွှေပေါ်မြတင် သူဌေးသမီးလေးကို အရယူနိုင်ခဲ့တဲ့ တောင်ကိုရီးယား မင်းသားရိန်း အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။  

Read More
Loading...
Loading...