ဇာတ်လမ်းတွဲရိုက်ကူးရင်း Song Hye Kyo နဲ့ ချစ်ကြိုက်မိသွားတယ်လို့ သတင်းထွက်ခဲ့တဲ့ မင်းသားများ - TrueID

ဇာတ်လမ်းတွဲရိုက်ကူးရင်း Song Hye Kyo နဲ့ ချစ်ကြိုက်မိသွားတယ်လို့ သတင်းထွက်ခဲ့တဲ့ မင်းသားများ

August 8, 2023

တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်အထိ အနုပညာ တီဗီဖန်သားပြင်ထက်မှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်ဖြစ်ပါတယ်။ Song Hye Kyo က ခင်မင်သဘောကောင်းလွန်းတဲ့သူဖြစ်ပြီး တွဲဖက် သရုပ်ဆောင်တွေနဲ့လည်း အဆင်ပြေပြေ ရှိတဲ့သူဖြစ်ပါတယ်။

null

null

Song Joong Ki

မင်းသား Song Joong Ki က တော့ တောင်ကိုရီးယားမင်းသမီး Song Hye Kyo နဲ့ ဇာတ်လမ်းရိုက်ရင်း သတင်းထွက်တဲ့ နေရာမှာ အဆိုးဆုံးပဲ ဖြစ်ပါတယ်။ Song Joong Ki က Descendants of the Sun ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဖတ်နေတဲ့ အချိန်မှာပဲ Song Hye Kyo ရဲ့ ပုခုံးကို ခေါင်းနဲ့ပွတ်ပြီး မှီ ခဲ့တာဖြစ်ပါတယ်။  သူတို့နှစ်ဦးက 2016 Baeksang Arts Awards ဆုပေးပွဲကိုလည်း လက်ကိုင်ပြီး တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရိုက်ပြီး သိပ်မကြာခင်မှာပဲ ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့ကြပေမယ့် ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

null

null

Park Bo Gum

Encounter ဇာတ်လမ်းတွဲမှာလည်း တောင်ကိုရီးယားမင်းသား Park Bo Gum နဲ့ မင်းသမီး Song Hye Kyo တို့ ချစ်ကြိုက်နေကြောင်း သတင်းထွက်ခဲ့ပါတယ်။ သူတို့ နှစ်ဦးက ဇာတ်လမ်းတွဲနောက်ကွယ်တွေမှာပါ အရမ်းနားလည်မှုရှိကြပြီး အချင်းချင်း အပြန်အလှန်ကူညီပေးကြတာကြောင့် ပရိသတ်တွေကပါ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ Park Bo Gum  က Song Hye Kyo နဲ့ ဓာတ်ပုံ အတူတူ ရိုက်ဖို့ ပြုလုပ်ခဲ့တဲ့ အချိန်မှာလည်း Song Hye Kyo က မှန်အရင် ကြည့်ချင်ကြောင်း ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာ Park Bo Gum က မှန်မကြည့်ရင်တောင် မမက လှပြီးသားပါလို့ ဆိုခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း Park Bo Gum   က Song Hye Kyo ကို သဘောကျနေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။

null

Jang Ki Yong

တောင်ကိုရီးယားမင်းသား Jang Ki Yong က Song Hye Kyo ကို ဇာတ်လမ်းတွဲရိုက်ကူးမှုတွေ နောက်ကွယ်မှာ မကြာခဏ စနောက်လေ့ရှိပါတယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း ပုခုံးကို တင်းကျပ်စွာဖက်ပြီး ရိုက်လေ့ရှိပါတယ်။ ရိုက်ကွင်းမှာလည်း မကြာခဏဆိုသလို ချည်းကပ်တဲ့ ပုံစံမျိုးတွေ လုပ်ပါတယ်။ Now, We Are Breaking Up ရိုက်ကူးရေး တောက်လျှောက်မှာ မင်းသား Jang Ki Yong က Song Hye Kyo ကို ချည်းကပ်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါ ကြောင့် Jang Ki Yong နဲ့ Song Hye Kyo တို့ တွဲနေကြတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

 

null

 

null

 

Read More
Loading...
Loading...