ရွယ်တူ သူငယ်ချင်းတွေ အများကြီးရပြီး လူပျိုကြီးဖားဖား ဖြစ်နေကြတဲ့ ဂျူမုံရဲ့ သား ၃ ယောက် - TrueID

ရွယ်တူ သူငယ်ချင်းတွေ အများကြီးရပြီး လူပျိုကြီးဖားဖား ဖြစ်နေကြတဲ့ ဂျူမုံရဲ့ သား ၃ ယောက်

August 8, 2023

တောင်ကိုရီးယားမင်းသား မင်းသားကြီး ဆောင်းအီဂွတ်ဟာဆိုရင် ၂၀၀၆ ခုနှစ်တုန်းက ဂျူမုံလို့ခေါ်တဲ့ နာမည်ကြီးပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ မင်းသားကြီး ဆောင်းအီဂွတ်က လက်ရှိမှာ အသက် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသားလေး ၃ ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ်။

null

ဆောင်းအီဂွတ်က လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ အများကြီး သိပ်ပြီး မလုပ်တော့ဘဲ အနုပညာ လှုပ်ရှားမှုတွေကနေ ခေတ္တခဏ အနားယူထားတာဖြစ်ပါတယ်။ ဆောင်းအီဂွတ်ရဲ့ သား ၃ ယောက်က ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က အသက် ၁၁ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။

null

သိပ် မကြာမီ အချိန်က ဆောင်းဒယ်ဟန် ၊ ဆောင်းမင်ဂွတ်နဲ့ ဆောင်းမန်ဆယ်တို့ အမွှာလေး ၃ ဦး အသက် ၁၁ နှစ်ပြည့် မွေးနေ့ ပါတီကို သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းနေကြတဲ့ ဓာတ်ပုံလေးတစ်ပုံ ပြန့်နှံ့လာခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ အမွှာလေး ၃ ယောက်က ရွယ်တူ သူငယ်ချင်းတွေနဲ့ အခန်းလေး တစ်ခန်းမှာ မွေးနေ့ ပါတီ ကျင်းပ ပြုလုပ်နေကြပြီး အရမ်း ပျော်ရွှင်နေကြပါတယ်။

null

အချင်းချင်း ချစ်ခင် ရင်းနှီးနေကြပြီး ပျော်ရွှင်နေကြတဲ့ အမွှာလေး ၃ ယောက်က ကြည့်ရင်းနဲ့ လူပျိုကြီး အရွယ်လေးတွေတောင် ဖြစ်နေကြပါပြီ။ သူငယ်ချင်းတွေ အများကြီးရပြီး မျက်စိရှေ့တင် အရွယ်ရောက်လာကြတဲ့ ဆောင်းဒယ်ဟန် ၊ ဆောင်းမင်ဂွတ်နဲ့ ဆောင်းမန်ဆယ်တို့ အမွှာလေး ၃ ယောက် အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

null

Read More
Loading...
Loading...