တောင်ကိုရီးယားမင်းသား Yoo Ah In ဟာဆိုရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမှုကြောင့် လက်ရှိ ပရိသတ်တွေကြားမှာ လူစိတ်ဝင်စားမှု မြင့်တက်နေတာဖြစ်ပါတယ်။ Yoo Ah In က ပရိုဖိုဖိုလ် ၊ ဆေးခြောက်နဲ့ အခြား အမည်မသိတဲ့ မူးယစ်ဆေးဝါး တစ်မျိုးကို သုံးစွဲနေတယ်ဆိုပြီး လက်ရှိမှာ နာမည်ကျဆင်းနေတဲ့သူဖြစ်ပါတယ်။
Yoo Ah In ရဲ့ အမှုက အခြား သရုပ်ဆောင်တွေရဲ့ ဖြစ်ရပ်လိုမျိုး မဟုတ်ဘဲ မူးယစ်ဆေး ၃ မျိူးအထိ သုံးစွဲခဲ့တာကြောင့် Yoo Ah In ကို Triple Crown လို့တောင် ခေါ်ဝေါ်ကြပါတယ်။ ခိုင်မာတဲ့ သတင်းဌာနတွေရဲ့အဆိုအရ Yoo Ah Inက အနုပညာလောကထဲကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ဘူးလို့ ကောက်ချက်ချထားကြပါတယ်။ Yoo Ah In ရဲ့ နာမည်က အောင်မြင်နေတဲ့အချိန်မှာ ပြဿာနာတက်ခဲ့တာကြောင့် 'Hellbound' season 2 ဇာတ်လမ်းတွဲ ရိုက်ကူးမှုကိုလည်း လက်ရှိမှာ ရပ်နားထားပါတယ်။
Yoo Ah In က ၂၀၂၁ ခုနှစ်တုန်းက တစ်ခါသုံးရင် ၆၀ မီလီလီတာနှုန်းနဲ့ ပရိုဖိုဖိုလ် ကို ၄၄၀၀ မီလီလီတာအထိ သုံးစွဲတယ်လို့ သိရပါတယ်။ Yoo Ah In ကို သုံးစွဲခွင့်ပြုထားတဲ့ ပရိုဖိုဖိုလ်ပမဏက တစ်ခါသုံးရင် ၅ မီလီလီတာကနေ ၁၀ မီလီလီတာ အထိ ဖြစ်ပါတယ်။
ဒါ ကြောင့် Yoo Ah In ကို ပရိုဖိုဖိုလ် သတ်မှတ်ထားတဲ့ ပမာဏထက် အလွန်အကျွံသုံးစွဲမှုကြောင့် ကြီးမားတဲ့နာမည်ပျက်မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ Yoo Ah In ရဲ့ ဆေးသုံးစွဲမှုသတင်းကြောင့် တောင်ကိုရီးယားရဲ့ နာမည်ကြီး ရုပ်သံလိုင်းတွေကိုလည်း များစွာ အခတ်အခဲ ဖြစ်သွားစေနိုင်ပါတယ်။