တောင်ကိုရီးယားမင်းသမီး Song Hye Kyo ရဲ့ ချစ်ဖို့ကောင်းပြီး ရင်းနှီးဖော်ရွေတတ်တဲ့ စိတ်ကလေးကို သရုပ်ဆောင် အများစုက ကြိုက်နှစ်သတ်သဘောကျကြပါတယ်။ ငယ်ရွယ်တဲ့သရုပ်ဆောင်တွေရော ၊ ရွယ်တူသရုပ်ဆောင်တွေရော ချစ်ခင်ကြတဲ့ Song Hye Kyo ဆီမှာ အင်အားကြီးမားတဲ့ ပရိသတ်အစုအဝေးကြီးလည်း ရှိပါတယ်။
ချစ်ခင်တဲ့သူတွေရှိသလို မုန်းတဲ့သူတွေလည်းရှိကြတဲ့ Song Hye Kyo ကို မနာလိုတဲ့ ပရိသတ်တွေက မဟုတ်မှန်တဲ့ သတင်း အမျိုးမျိုးလုပ်ကြံ ဖန်တီးလေ့ရှိပါတယ်။ သူတို့တွေက Song Hye Kyo ဟာ ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့သူဖြစ်ပြီး သူငယ်ချင်းလည်း နည်းနည်းပဲ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ အပြင် Song Hye Kyo က သူမနဲ့ အောင်မြင်မှု ထပ်တူညီတဲ့ သရုပ်ဆောင်တွေကလွဲလို့ အခြား သရုပ်ဆောင်တွေနဲ့ အပေါင်း အသင်းမလုပ်ဘူးလို့လည်း ဝေဖန်ထားကြပါသေးတယ်။
လူတွေ မသိသေးတဲ့ Song Hye Kyo ရဲ့နောက်ကွယ်က အကြောင်းကို သိရှိသွားရင်တော့ Song Hye Kyo ရဲ့ ပုံစံ အစစ် အမှန်ကို သေချာပေါက် နားလည် လက်ခံသွားကြမှာပဲဖြစ်ပါတယ်။ Song Hye Kyo က တသီးတသန့် နေတတ်တဲ့သူဖြစ်ပြီး ပါတီပွဲတွေ လူများတဲ့နေရာတွေကိုလည်း မကြိုက်တဲ့သူဖြစ်ပါတယ်။ အားလပ်ချိန်တွေကို စာအုပ်ဖတ်ရင်း ၊ ခရီးထွက်ရင်းနဲ့သာ အချိန်ကုန်ဆုံးလေ့ရှိတဲ့ Song Hye Kyo ဟာ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်လေ့ ရှိတဲ့သူမဟုတ်ပါဘူး။
Song Hye Kyo က လူတိုင်းကို သူငယ်ချင်း လုပ်တတ်တဲ့သူမဟုတ်ဘဲ သူမ သူငယ်ချင်း လုပ်ဖို့ ရွေးချယ်လိုက်ပြီဆိုရင်လည်း အချိန်အကြာကြီး ခင်မင်လေ့ရှိတယ်လို့ သိရပါတယ်။ Song Hye Kyo က မနာလိုသူတွေ ပြောနေကြသလို မာနကြီးတဲ့သူမဟုတ်ဘဲ ရိုက်ကူးရေး ဝန်ထမ်းတွေက အစ ချစ်ခင်ရတဲ့ ဖော်ရွေပျူငှာတဲ့သူဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လူသိရှင်ကြား အချိန် မကုန်ဆုံးတာလေးနဲ့ပဲ အခုလိုမျိုး ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတဲ့သူလို့တော့ လုံးဝ မယူဆသင့်ပါဘူးနော်။
နောက်ကွယ်က အကြောင်းအရင်း အစစ် အမှန်ကို သိလိုက်ရချိန်မှာတော့ Song Hye Kyo က မကောင်းတဲ့သူတွေ သတင်းလွှင့်နေသလိုမျိုး ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတဲ့သူ မဟုတ်ဘူးဆိုတာ သိရှိခဲ့ရပါတယ်။ တောင်ကိုရီးယား ထိပ်တန်းမင်းသမီး Song Hye Kyo ရဲ့ လူတွေ မသိသေးတဲ့နောက်ကွယ်က အမှန်တရားလေးတစ်ခုကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
#SongHyeKyo #Myanmarload #Introvert