IU နဲ့ Park Seo Joon တို့ ပါဝင်ရိုက်ကူးထားတဲ့ Dream ရုပ်ရှင် VIP အထူးပြပွဲကို နာမည်ကြီးထိပ်တန်းပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ နာမည်ကြီး ထိပ်တန်းတွေထဲမှာ ပရိသတ်တွေရဲ့အချစ်တော် BTS အဖွဲ့ဝင် V နဲ့ Jungkook တို့လည်း ပါဝင်ခဲ့ပါတယ်။
BTS အဖွဲ့ဟာဆိုရင် အချိန်စာရင်းတွေ ပြည့်နေတဲ့ကြားထဲက ရသလို အချိန်ကို ဖဲ့ပြီး Dream ရုပ်ရှင် VIP အထူးပြပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ပြပွဲကို BTS အဖွဲ့ဝင် V အပြင် အငယ်ဆုံး အဖွဲ့ဝင်လေး Jungkook ပါ အတူတူ တက်ရောက်ခဲ့ပါတယ်။
ပွဲအခမ်းအနားမှာ Jungkook ရဲ့ ဆံပင်ပုံစံလေးကလည်း လူပြောများနေခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ Jungkook ရဲ့ ဆံပင်ပုံစံက ကောက်ကောက်ရှည်ရှည်လေးကိုမှ ဆံမြိတ်ချထားတဲ့ပုံစံလေး ဖြစ်ပါတယ်။
ကလေးလေး တစ်ယောက်လိုမျိုး အရမ်း ချစ်ဖို့ကောင်းလွန်းနေတဲ့ Jungkook ရဲ့ ဆံပင်ပုံစံလေးကို ပရိသတ်တွေက အရမ်းသဘောကျနေကြပါတယ်။ နာမည်ကြီးတဲ့ ဒိတ်ဒိတ်ကြဲနှစ်ယောက်ဖြစ်တဲ့ V နဲ့ Jungkook တို့က အချိန် စာရင်းတွေ မအားတဲ့ကြားက Park Seo Joon နဲ့ IU တို့ကြောင့် အခုပွဲကို တက်ရောက်ပေးခဲ့ကြတာဖြစ်ပါတယ်။
Photo – credit to original uploader