မိတ်ကပ်မပါဘဲ သဘာဝအတိုင်းလေး ဝင်းလက်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးအိမ်မက်ပါ။ နေထိုင်စားသောက်မှုပုံစံတွေ၊ စိတ်ဖိစီးစရာတွေနဲ့ အသက်အရွယ်တွေ ရလာတာကြောင့် ကိုယ့်ရဲ့ အသားအရေလေးတွေက စိတ်ကူးထားသလို ဖြစ်မလာတော့ပါဘူး။ ဒါပေမယ့် မျက်နှာအသားအရေ ကိုလည်း Skincare မယ်၊ စနစ်တကျ ထိန်းသိမ်းတဲ့ အပြင် အခုဖော်ပြပေးမယ့် အစားအစာတွေကို စားသုံးမယ် ဆိုရင်တော့ တိုင်းတစ်ပါးက သူတွေလိုပဲ ကိုယ့်ရဲ့ အသားအရေလေးကလည်း စိုပြေဝင်းပနေမှာပါ။
မုန်လာဉနီ
မုန်လာဥနီဟာ ဆဲလ်ညစ်တွေကို ဖယ်ရှားပေးတဲ့အပြင် မှိုင်းနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးပါတယ်။ မုန်လာဥနီဟာ သွေးထဲက အောက်ဆီဂျင်သယ်ဆောင်နိုင်တဲ့ စွမ်းရည်ကိုလေးဆ မြှင့်တင်ပေးတဲ့အတွက် အသားအရေကို တောက်ပစေပါတယ်။
ဖရုံစေ့
ဖရုံစေ့မှာ ပါဝင်တဲ့ ဓာတ်တွေက ရေဓာတ်ကိုကြွယ်ဝစေတယ်။ အာဟာရဓာတ်ပေးတယ်။ အသားအရေကို ပြန်လည်ကောင်းမွန်စေတယ်။ ထိခိုက်ဒဏ်ရာ ဖြစ်ထားလို့ အမဲကွက်တွေ ကျန်နေခဲ့ရင်တောင် ပြန်လည် ပြုပြင်နိုင်စွမ်း ရှိပါတယ်။
သံပုရာသီး
သံပုရာရည်ဟာ အဆီဓာတ်ကိုဖျော်ပစ်ပြီး အသားအရေကို ရေဓာတ်ကြွယ်ဝစေပါတယ်။ သံပရာခွံမှာပါဝင်တဲ့ ဓာတ်တွေဟာလည်း အူနဲ့ပါးစပ်ထဲမှာရှိတဲ့ ပိုးတွေကို သေစေပြီး ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံ ထွက်ခြင်းကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။
ခရမ်းချဉ်သီးဖျော်ရည်
တစ်နေ့တာအတွင်း ဘာမှမစားရသေးခင်မှာ လတ်ဆတ်တဲ့ ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက်သောက်မယ်ဆိုရင် မှိုင်းနေတဲ့ အသားရေကိုတောင် ပြန်လည်ဝင်းပစေတဲ့အပြင် ခရမ်းလွန်ရောင်ခြည် ဒဏ် ကို ကာကွယ်ပေးနိုင် ပါသေးတယ်။
သင်္ဘောသီး
သင်္ဘောသီးဟာ ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝပြီး မျက်နှာမှာရှိတဲ့ဆဲလ်အသေတွေကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ သင်္ဘောသီးကို နှစ်ရက်လောက် ဆက်တိုက် စားမယ်ဆိုရင် အသားအရေဟာ ဝင်းလက် တောက်ပပြီး ကျစ်လစ်လှပနေမှာပါ။
အခုဖော်ပြခဲ့တဲ့ အစားအစာလေးတွေကို စားသုံးမယ်ဆိုရင်တော့ လပိုင်းလောက်အတွင်းမှာပဲ အသားအရေလေးက သိသိသာသာ ပြောင်းလဲတာကို တွေ့ရပါလိမ့်မယ်။
Source : sanook
Photo Credit : Google