မိတ်ကပ်လေးနဲ့လဲ လှချင်တယ်၊ ဘယ်လိုလိမ်းရမယ်မှန်းမသိသေးတဲ့ အလှကြိုက်တဲ့ Beginner လေးတွေအတွက် မိတ်ကပ်ကို မျက်နှာပေါ်မှာ ဘယ်လိုလေး လိမ်းမယ်ဆိုတာ ပြောပြပေးလိုက်တယ်နော်။
မျက်နှာကို အရင်ဆုံး သန့်စင်ပါ။
မိတ်ကပ်မလိမ်းခင် မျက်နှာလေးကို ရေဓာတ်ဖြည့်တင်းဖို့အတွက် ပထမဆုံး မျက်နှာကို သစ်လိုက်ပါ။ ပြီးရင်တော့ Toner လေးပါ ထပ်ပြီး မျက်နှာက အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားလိုက်ပါ။ နေပူထဲသွားမယ်ဆိုရင်တော့ Sun cream လေးက မပါမဖြစ်ပါနော်။
Primer လိမ်းပါ။
ကိုယ့်ရဲ့ မိတ်ကပ်ကိုပိုပြီး ကြာရှည်ခံပြီး မိတ်ကပ်သားစိုစိုလေးနဲ့ လှနေစေဖို့အတွက် Primer လေးက ကူညီပေးပါ လိမ့်မယ်။ နွေရာသီမှာဆိုရင် အဆီပြန်တဲ့အသားအရေအတွက် သင့်တော်သလို အဆီမပြန်ဘူးဆိုရင်လဲ သုံးလို့ရပါတယ်။
Foundation လိမ်းပါ။
Foundation ကို ရွေးချယ်ဝယ်ယူတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့အသားအရေနဲ့ တစ်ထပ်တည်းကြနေဖို့ လိုပါတယ်။ ဒါမှဟာ မျက်နှာလေးက ညပ်ညပ်လေးနဲ့ မိတ်ကပ်အထူကြီးလိမ်းထားသလိုဖြစ်မနေဘဲ လှနေမှာပဲ ဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့ သူတွေက မိတ်ကပ် ကွက်တတ်တဲ့အတွက် မိတ်ကပ် မလိမ်းခင် skincare step တွေကို စိတ်ရှည်ရှည်နဲ့ သေချာလေးလိမ်းပေးဖို့ လိုအပ်ပါတယ်။
Concealer လည်းသုံးပေးပါ။
ကိုယ့်မျက်နှာမှာ မိတ်ကပ်အရောင် ထင်းထင်းလေး ပေါ်နေချင်တယ်၊ ကိုယ့်မျက်နှာရဲ့ အလှအပတွေကို သေသေချာချာလေး ပြချင်တယ်ဆိုရင်တော့ Concealer လေး သုံးကြည့်ပါ။ Concealer လေးကို နှာတံလေးပေါ်အောင် ဖော်တဲ့အခါနဲ့ မျက်ကွင်းညိုတာတွေ ဖုံးအောင် အဓိက ထားကြပါတယ်။
Highlighter
Highlighter သုံးမယ်ဆိုရင်လည်း အောက်ခံမိတ်ကပ်ထက် နည်းနည်းလေး လင်းတဲ့အရောင်ကာလာကို ရွေးကြည့်ပါ။ သူကတော့ မေးစေ့နေရာနဲ့ ပါးရိုးချသလို ပါးရိုးအောက်ဘက်မှာ နည်းနည်းစီ လိမ်းပါ။
Blush
Blush က လိမ်းခြယ်နည်းကတော့ ရိုးစင်းတယ်ဆိုပေမယ့် လှအောင် လိမ်းခြယ်တတ်ဖို့ လိုပါတယ်။ မဟုတ်ရင် ပါးနီတွေက တစ်နေရာတည်းမှာပဲ စုနေပြီး မလှနိုင်ပါဘူး။
မျက်ခုံးမွှေးကို လုံးဝမမေ့ပါနဲ့။
မျက်နှာတစ်ခုလုံးရဲ့ အသက်က မျက်ခုံးမွှေးပါ။ မျက်ခုံးမွှေး ကို ကိုယ့်မျက်နှာနဲ့ လိုက်မယ့်ပုံစံကို ကြည့်ပြီး ပုံသွင်းပါ။ ထပ်ခါထပ်ခါ မဆွဲမိစေနဲ့နော်။
နှုတ်ခမ်းနီ
အနည်းဆုံး မိတ်ကပ် မလိမ်းတတ်ဘူးဆိုတဲ့သူတွေတောင်မှ နှုတ်ခမ်းနီကတော့ ဆိုးကြတာပဲလေ။ ဒီနေရာမှာ အောက်ခံ နှုတ်ခမ်းသားက နူးညံ့နေဖို့ လိုပါတယ်။ ခြောက်သွေ့ အက်ကွဲနေမယ်ဆို ဆိုးလိုက်တဲ့ နှုတ်ခမ်းနီက ကြည့်ရဆိုး သွားတတ်ပါတယ်။
တကယ်တော့ မိတ်ကပ်လိမ်းတယ်ဆိုတာကလည်း ပန်းချီးကား တစ်ချပ်ကို ဆေးခြယ်နေရသလိုပါပဲ။ စိတ်ပါမယ်ဆို၊ စကေးရှိမယ်ဆို ဆေးစက်ကျရာတိုင်းက အသက်ဝင်နေတတ်ပြီး စိတ်မပါ၊ အလေ့အကျင့်ကလည်း မရှိဘူးဆို ပုံကောင်းက ဘယ်လိုမှ ထွက်မလာတော့ပါဘူး။ တဖြည်းဖြည်းနဲ့ အလှဆုံးလေးတွေ ဖြစ်အောင် လိမ်းကြည့်ကြပါနော်။
Photo Credit : Google