Eyeliner ကို အမြဲသုံးရင် ဘာအန္တရာယ် ဖြစ်လာနိုင်လဲ ? - TrueID

Eyeliner ကို အမြဲသုံးရင် ဘာအန္တရာယ် ဖြစ်လာနိုင်လဲ ?

August 5, 2022

တိုးတက်နေတဲ့ခေတ်ရေစီးကြောင်းနှင့်အတူ Makeup Look တွေဟာဆိုရင်လဲ ပြောင်းလဲလာ တာကိုတွေ့ရှိရမှာပါ။ ကိုယ့်ရဲ့ မျက်နှာလေးကို ပိုလှသွားအောင် Eye makeup တွေပြင်ဆင်တာတွေလည်း ခေတ်စားလာပါတယ်။ အခုခတ်မှာ ကိုယ့်မျက်လုံးလေးကို ပိုပေါ်ပြီး ပြူးသယောင်ထင်ရအောင် မျက်ခွံ ဆိုးဆေးလို့ခေါ်တဲ့ Eyeliner နဲ့ တန်ဆာဆင် ခြယ်သကြပါတယ်။

null

 အမျိုးသမီးတိုင်း စွဲစွဲမက်မက်ဆိုးကြတဲ့ Eyeliner ကို အမြဲတမ်း ရေရှည် အသုံးပြုမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါ့မလား ။

မျက်လုံးက ခန္ဓာကိုယ်ရဲ့ နုနယ်လွန်းတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အိပ်နေတဲ့အချိန်ကလွဲလို့ တစ်ချိန်လုံး ဖွင့်ထားပြီး တာဝန်ထမ်းဆောင်နေရတဲ့ မျက်လုံးလေးကို မျက်ခွံရယ် မျက်တောင်ရယ်က ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

null

ဒီလိုနုနယ်လွန်းတဲ့ မျက်လုံးနားကို Chemical တွေများစွာပါဝင်တဲ့ Eyeliner ကို အသုံးပြုမယ်ဆိုရင်တော့ ဒီ Chemical ဓာတုအမှုန်လေးတွေ အများကြီး ဝင်သွားနိုင်ပါတယ်။ မျက်တောင်နဲ့ နည်းနည်းဝေးဝေး ဆွဲရင်တော့ အမှုန်အမွှားတွေက နည်းနည်းပဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

null

          မျက်တောင်လိုင်းနဲ့ ကပ်ပြီး liner ကို ဆွဲချလိုက်တဲ့အခါ ခြောက်သွားချိန်မှာ အမှုန်တွေက  မျက်တောင် ကြားကတစ်ဆင့် မျက်လုံးအပေါ်ယံလွှာကို ပျံ့နှံရောက်ရှိသွားပါတယ်။ ပိုဆိုးတာက နေ့စဉ် Liner ဆွဲတဲ့သူတွေက  အချိန်ကာလတစ်ခုကို ရောက်တဲ့အခါ Dye လို့ခေါ်တဲ့ ဆိုးဆေးအမှုန်တွေဟာ မျက်ရည်ပြွန်ထဲမှာ စုပုံလာပြီး နောက်ဆုံး ပိတ်ဆို့သွားနိုင်တာ ဖြစ်ပါတယ်။

null

          Liner အမြဲတမ်း ရေရှည် အသုံးပြုမယ်ဆိုရင်တော့ မျက်ရည်ပူတွေကျတာတွေ၊ မျက်လုံး ခြောက်သွေ့ ယားယံ တာတွေလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင် မျက်ကပ်မှန် တပ်ဆင်သူတွေမှာ မျက်ကပ်မှန်ကို Liner ရဲ့ Chemical အမှုန်တွေ ကပ်ငြိပြီး ယားယံ ဓာတ်မတည့်တာတွေ မျက်ကြည်လွှာ ထိခိုက်တာတွေအထိ ရှိနေနိုင်ပါတယ်။

          ဒါကြောင့် လှချင်လို့ Liner ကို သုံးမယ်ဆိုရင်လည်း သူ့ရဲ့အန္တရာယ်တွေကို သိထားပြီး ချင့်ချင့်ချိန်ချိန် လှပနိုင်ကြပါစေနော် …

null

 

Source : insightvisioncenter

Photo Credit : Google

Read More
Loading...
Loading...