ဖက်ရှင်ကျပြီး လှနေဖို့ ဘယ်လိုနေရမလဲဆိုပြီး ခေါင်းစားနေစရာမလိုပါဘူး။ ကိုယ့်မှာရှိတဲ့အရာလေးတွေနဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်လို့ရပါတယ်။ ဒါပေမယ့် တစ်ချို့အဝတ်အစားတွေကတော့ ကိုယ့်ကို ကြည့်ကောင်းစေတာမျိုး မဟုတ်ဘဲ ကြည့်ရသူတွေအတွက် အမြင်ဆိုးစေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဘယ်လိုမျိုးတွေကို ရှောင်ကြဉ်ဝတ်ဆင်သင့်လဲဆိုတာ ဖော်ပြပေးပါ့မယ်။
ယောက်ျားလေးအဝတ်အစားများ
တစ်ချို့က စတိုင်လ်ဆိုပြီး ယောက်ျားလေးဝတ်ရှပ်အင်္ကျီအပွကြီးတွေ၊ ကုတ်အင်္ကျီတွေ ကို ဝတ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့ အရာတွေက ယောက်ျားတွေအတွက် သီးသန့်ထုတ်ထားတာမို့ မိန်းကလေးတွေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။
တင်းကြပ်နေတဲ့ အဝတ်အစားများ
ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ မတော်ဘဲ အရမ်းတင်းကြပ်လွန်းတဲ့ အဝတ်အစားတွေက ကိုယ့်ဘာသာကိုယ်လည်း သက်တောင့်သက်သာ မဖြစ်တဲ့အပြင် မြင်ရသူတွေလည်း လှနေတယ်လို့ မခံစားရစေပါဘူး။
စျေးပေါပြီး ဒီဇိုင်းမလှတဲ့ အဝတ်အစားများ
တစ်ချို့အဝတ်အစားတွေက စျေးသက်သာပြီး ဒီဇိုင်းလှတာရှိပါတယ်။ ဒါပေမယ့် စျေးသက်သာတဲ့ အဝတ်အစားတော်တော်များများဟာ ဝတ်တဲ့သူတွေနဲ့ အဆင်မပြေတာများပါတယ်။ သူတို့ရဲ့ အရောင်၊ ဒီဇိုင်းတွေကလည်း သိပ်လှတာမျိုးတွေ မတွေ့နိုင်တာမို့ ကိုယ်နဲ့ လိုက်ဖက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။
Photo Credit: Google
Source : Fashion Tips