တင်ပါးလှလှလေးနဲ့ ကိတ်ချင်သူများအတွက် စားပေးသင့်တဲ့ အစားအစာ(၇)မျိုး - TrueID

တင်ပါးလှလှလေးနဲ့ ကိတ်ချင်သူများအတွက် စားပေးသင့်တဲ့ အစားအစာ(၇)မျိုး

August 5, 2022

မိန်းကလေးတိုင်း ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့တင်ပါးလေးကို လိုချင်ကြတဲ့သူတွေချည်းပါဘဲ။ တကယ်တော့ လှပတဲ့ကိုယ်ခန္ဓာတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ ဘယ်လို အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေမှာလဲ ..?

တင်ပါးကိတ်ပြီး လှချင်တဲ့ ကောင်မလေးတွေ အတွက် စားသင့်တဲ့ အစားအသောက် (၅) မျိုးကို ဖော်ပြပေးလိုက် ပါတယ်။

 

(၁) ကြက်ဥ

ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့တင်ပါးလေးဖြစ်ဖို့ဆိုရင် ကြွက်သားတွေနဲ့ တည်ဆောက်ဖို့အတွက် ပရိုတင်းဓာတ်က လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကြက်ဥတို့ ဘဲဥတို့က ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတဲ့အပြင် တင်းပါးကိုလည်း ကြီးပြီး ကိတ်စေပါတယ်။

null

(၂) ကန်စွန်းဥ

ဝိတ်လျှော့တဲ့သူတိုင်းအတွက်၊ ကြွက်သားတက်အောင် တည်ဆောက်နေတဲ့သူတိုင်းအတွက် ဒီ ကစီ ဓာတ်ကြွယ်ဝတဲ့ ကန်စွန်းဥလေးက စားသင့်တဲ့ အစားအစာတွေထဲက တစ်ခုပါ။

null

(၃) ထောပတ်သီး

ထောပတ်သီးမှာ ကြွယ်ဝတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပေးတဲ့အပြင် သင့်ရဲ့တင်ပါးလေးကိုလည်း အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်ပါတယ်။ 

null

(၄) ဒိန်ချဉ်

သင်က ကိတ်ချင်တဲ့သူ တစ်ယောက်ဆိုရင်တော့ ဒိန်ချဉ်ကို မဖြစ်မနေစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေက သင့်တင်ပါးလေး ကိတ်လာဖို့ ကူညီပေးပါလိမ့်မယ်။

null

(၅) ငါး

 

ငါးမှာပါဝင်တဲ့ အဆီမပါတဲ့ ပရိုတင်းနဲ့ အိုမီဂါ 3 တို့က သင့်တင်ကို ကြီးပြီးကိတ်လာစေမှာအသေအချာပါ။ တင်ပါးအတွက်ဆိုရင် ငါးထဲမှာ တူနာငါးကသာ အကောင်းဆုံးပါ။

null

(၆) ကြက်သား

ကြက်သားလောက် အဆီမပါတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အသားမရှိပါဘူး။ ဒါ့ကြောင့် တင်ပါးကြီးချင်လို့ ပရိုတင်းတွေ စားပေးနေရတဲ့သူတွေ အဖို့ ကြက်သားကသာ အစားပေးသင့်ဆုံး အသားတစ်ခုပါ။

null

(၇) ပဲအမျိုးမျိုး

ပရိုတင်းဓာတ်လည်းကြွယ်ဝ၊ ကယ်လိုရီလည်းနည်းပြီး အမျှင်ဓာတ်တွေ  အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ သင့်တင်ပါးကို ကြီးပြီး ကိတ်လာစေမယ့် အစားအသောက်တွေထဲက တစ်ခုပါ ။

null

သင်က ကိတ်ချင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အစားအသောက်လည်း စားရင်း လေ့ကျင့်ခန်းလေးလည်း ပုံမှန်လုပ်မယ် ဆိုရင် စွဲဆောင်မှုရှိတဲ့ တင်ပါးလေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်နော် ။

Photo Credit : Google

Source : healthline.com

Read More
Loading...
Loading...