ရေမွှေးရနံ့က ခန္ဓာကိုယ်မှာ အကြာကြီးစွဲမနေဘဲ မြန်မြန်အနံ့ပျောက်သွားနေလို့ စိတ်ညစ်နေလား။ အဲဒါဆိုရင်တော့ ရေမွှေးဆွတ်တာ နည်းလမ်းမမှန်တာဖြစ်နိုင်ပါတယ်။
ရေမွှေးဆွတ်ထားရင် ခန္ဓာကိုယ်မှာ တစ်နေ့လုံးစွဲနေတာကို လိုချင်ကြတာပါ။ ရေမွှေးစွပ်တာ နေရာမမှန်တာ၊ ရေမွှေးပုလင်းထားတဲ့နေရာမမှန်တာကြောင့် ရေမွှေးအနံ့ တစ်နေ့လုံးမစွဲတာလို့ ပြောလို့ရနိုင်ပါတယ်။ ရေမွှေး ဆွတ်ထားပေမယ့်လည်း ကြာကြာမခံရင် ဘာမှမထူးဘူးလေ။ ဒီတော့ ရေမွှေးဆွတ်ထားပြီး အနံ့ကြာကြာခံအောင် ဘယ်လိုပုံစံနဲ့ဆွတ်လို့ရမလဲဆိုတာ သိထားဖို့ လိုတယ်နော်။
ရေမွှေးကို အဝတ်အစားတွေမှာလည်း ဖြန်းပေးပါ။
ရေမွှေးဆွတ်တဲ့အခါ ခန္ဓာကိုယ်တင်မကဘဲ အဝတ်အစားတွေမှာလည်း နည်းနည်းဖြန်းပေးသင့်ပါတယ်။ ဒါမှသာ ရေမွှေးရနံ့က အချိန်အကြာကြီးစွဲနေမှာ ဖြစ်ပါတယ်။
သွေးခုန်နှုန်းရှိတဲ့နေရာတွေကို ဆွတ်ပါ။
လက်ကောက်ဝတ်၊ လည်ပင်း၊ ဒူးခေါင်းနောက် စတဲ့နေရာတွေက ရေမွှေးဆွတ်လို့ အကောင်းဆုံးနေရာတွေပါ။ ဒီနေရာတွေမှာ ရေမွှေးဆွတ်မယ်ဆိုရင်တော့ ရေမွှေးရနံ့ကို အကြာကြီးစွဲနေစေမှာ ဖြစ်ပါတယ်။
ရေမွှေးဆွတ်ပြီးရင် မပွတ်ပစ်ပါနဲ့။
တချို့က ရေမွှေးဆွတ်ပြီးရင် လက်နဲ့ ပွတ်ပစ်တာမျိုး ရှိတတ်ကြတယ်နော်။ လက်ကောက်ဝတ်မှာ ဆွတ်တယ်ဆိုရင် လက်ကောက်ဝတ်အချင်းချင်း ပွတ်ပစ်တာ၊ လည်ပင်းဆိုရင်လည်း ဆွတ်ပြီးရင် လက်နဲ့ ပွတ်ပစ်တာမျိုး လုပ်တယ်ကြပါတယ်။ အဲဒီလို လုပ်တာက ရေမွှေးရနံ့ ကို အမြန်ဆုံးပြယ်စေနိုင်တာကြောင့် ရေမွှေးဆွတ်ပြီးရင် မပွတ်ပစ်ဘဲ အသားအရေပေါ်မှာ သူ့ဘာသာ ခြောက်သွားပါစေ။
အများကြီး မဆွတ်ပါနဲ့။
ကိုယ်ပေါ်မှာ ဆွတ်ထားတဲ့ ရေမွှေးအနံ့ ကြာရှည်ချင်တယ်ဆိုရင် အများကြီး တစ်ခါတည်း ဆွတ်တာမျိုး မလုပ်ပါနဲ့။ အဲဒီလို အများကြီး ဆွတ်ထားတာက ရနံ့တွေပိုအီတောက်စေပြီး ကိုယ်လိုချင်တဲ့ရနံ့ မရတော့ပါဘူး။ နောက်တခုကတော့ ရေမွှေးနှစ်မျိုးသုံးမျိုး တစ်ခါတည်း ဆွတ်တာပါ။ အဲဒါကလည်း ရနံ့တွေ ရောထွေးပြီး ကောင်းမွန်တဲ့ ရနံ့ထွက်မလာတော့တဲ့အပြင် ကြာရှည်လည်း မခံပါဘူး။
ရေချိုးပြီးနောက် ရေမွှေးဆွတ်ပေးပါ။
ရေမွှေးဆွတ်ဖို့ အကောင်းဆုံးအချိန်က ရေချိုးပြီးတဲ့အချိန်ပါပဲ။ အဲအချိန်ရေမွှေးဆွှတ်ခြင်းက ခန္ဓာကိုယ်မှာ ရေမွှေးနံ အကြာကြီးစွဲနေစေမှာဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ရေမွှေးကို တာရှည်ခံအောင်စွတ်ဖို့ဆိုတာ နည်းလမ်းသိရင် ဘာမှမခက်ခဲပါဘူး။ အထက်မှာ ဖော်ပြထားတာက ရေမွှေးကို တာရှည်ခံအောင်စွတ်နည်းလေးတွေပါပဲ။ ကိုယ့်ရဲ့ ကိုယ်သင်း ရနံ့လေးလို အမြဲတမ်း မွှေးကြိုင်နေတာမျိုး လိုချင်တယ်ဆိုရင်တော့ ဖော်ပြပေးခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါနော် …
Source : Independent.co.uk
Photo Credit : Google