သင်္ကြန်မှာကဲဖို့ အတွက် စိတ်ပူရမယ့် အထဲမှာ Makeup look ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့သူနဲ့ပဲ ဖြစ်ဖြစ် လည်နေရင်း မိတ်ကပ်တွေကွက်တာ၊ EyeLiner တွေ ပျက်တာ၊ မျက်လုံးနား တစ်ဝှိက် Mascara တွေ ပေကျံတာတွေ ဖြစ်ရင် ကြည့်ရတော်တော်ကို ဆိုးစေပါတယ်။ ဒါကြောင့် သင်္ကြန်မှာ အလှမပျက်ဘဲ အပီကဲနိုင်ဖို့ ဘယ်လိုလိမ်းခြယ်ရမလဲဆိုတာ မျှဝေပေးပါမယ်။
Foundation
အခုအချိန်မှာ Foundation က အရမ်း အရေးကြီးတာမို့ Foundation လိမ်းရင် Waterproof ဖြစ်တဲ့ မိကပ်ကို များများယူပြီး မိတ်ကပ် spongeနဲ့ဖြစ်ဖြစ် ဥ နဲ့ဖြစ်ဖြစ် လိမ်းပါ။ ဒါမှသာ မိတ်ကပ်က ညက်ပြီး ညီညာပြန့်ပြူးနေမှာပဲ ဖြစ်ပါတယ်။
Two way
Two-way ကို လိမ်းရင် Brush နဲ့လိမ်းတာထက် မိတ်ကပ် sponge ကို ရေစွတ်ပြီး ပုတ်ပုတ်ပြီးလိမ်းပေးပါ။ Brush နဲ့ဆွဲသလိုမဟုတ်ပဲ ရေလေးနဲ့ ပုတ်ပုတ်ပြီး လိမ်းတာက ပိုပြီး ရေစိုခံပြီး တာရှည်လည်း ခံစေပါတယ်။
Eyeliner
သင်္ကြန်ရေ အရမ်းပက်တဲ့ အခါမျိုးမှာ waterproof ပြီး eyeliner တွေပြန့်မကျဲနေဖို့ မကွက်ဖို့က အရမ်း အရေးကြီးပါတယ်။ Eyeliner တွေတော်တော်များများက waterproof တွေဖြစ်တယ်ဆိုပေမယ့် Maybelline ရဲ့ HyperSharp Eyeliner ကို အဓိကထားပြီး Recommend ပေးလိုက်ပါတယ်။
Mascara
Mascara ထဲမှာဆိုရင်တော့ Maybelline ရဲ့ Mascara က (၂၄) နာရီလုံး တာရှည်ခံပြီး ညစ်ပတ်ပေကျံ စေခြင်းမရှိပါဘူး။ မိုးရွာရင်ပဲဖြစ်ဖြစ် ၊ ချွေးထွက်ရင်ပဲဖြစ်ဖြစ် ၊ ငိုရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ များသောအားဖြင့် အနက်နဲ့ အညိုရောင်မျိုး ထုတ်ထားပါတယ်။
Lipstick
Lipstick အနေနဲ့ကတော့ သူက ဘယ်လိုအစားစားစား မပျက်ဘူး၊ ဘယ်လိုရေသောက်သောက် မပျက်ဘူး၊ ဘယ်လိုပွတ်ဆွဲပွတိဆွဲလည်းမပျက်ပဲ oil makeup remover နဲ့ဖျက်မှပြတ်တဲ့ နှုတ်ခမ်းနီမျိုးကို သုံးသင့်ပါတယ်။ ပန်းရောင်၊အနီရောင်လို မျိုးတွေက စားပြီး သောက်ပြီးချိန် တွေမှာတောင် အရောင်လျော့မသွားပါဘူး။
ဒီလောက်ဆိုရင်တော့ သင်္ကြန်မှာ Waterproof Makeup Look နဲ့ စိတ်ချလက်ချကဲလို့ ရပြီလို့ ထင်ပါတယ်။
Photo Credit: Google