မှားယွင်းနေတဲ့ မျက်နှာသစ်နည်းများ - TrueID

မှားယွင်းနေတဲ့ မျက်နှာသစ်နည်းများ

August 5, 2022

လူတိုင်းနီးပါးက နေ့စဥ်မျက်နှာသစ်ခြင်းကို ရှောင်လွှဲလို့ မရကြပါဘူး။ တချို့တွေကလဲ မျက်နှာကို ဂရုတစိုက် ထားရဲ့သားနဲ့ ဘာလိုဝက်ခြံတွေ၊ အဆီဖုတွေပေါက်နေတာလဲမသိဘူးပေါ့။ ဒီလိုတွေဖြစ်နေပြီဆိုရင် သင့်ရဲ့မျက်နှာသစ်တဲ့ နည်းလမ်းတွေက မှားယွင်းလို့ပါ။ ကိုယ်က ဘယ်လိုအချက်တွေနဲ့ ကိုက်ညီပြီး ရှောင်ဖို့ လိုနေလဲဆိုတာကို အောက်ကအချက်လေးတွေနဲ့ တိုက်ကြည့်လိုက်ရအောင်!!!

 

️မှားယွင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်မိခြင်း။

မျက်နှာသစ်ဆေးက အရမ်းပြင်းနေလို့မရသလို၊ အရမ်းလဲပျော့နေလိုမဖြစ်ပါဘူး။ ဒါကြောင့် ပုံမှန်အနေအထား မျက်နှာသစ်ဆေးမျိူးကို ရှာဝယ်ပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးက မျက်နှာကိုနီရဲရဲ ဖြစ်စေပါတယ်။ မျက်နှာသစ်ပြီးရင်လည်း တင်းနေတာမျိူးတွေဖြစ်တတ်ပါတယ်။ မျက်နှာကို ရေနဲ့၂ခါလောက် သစ်လိုက်ရင် ပြောင်သွားတဲ့ မျက်နှာသစ်ဆေးမျိုးကတော့ အသင့်တော်ဆုံးပါ။

null

️ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်း။

ကိုယ်တိုက် ဆပ်ပြာတွေက အသားအရေကိုခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က အသားခြောက် တတ်သူဆိုရင် မျက်နှာမှာအရေပြား ပြဿနာတွေဖြစ်စေတာကြောင့် သင့်အသားအရေ နဲ့သင့်တော်တဲ့မျက်နှာသစ်ကိုသာရွေးချယ်ပါ။

null

️မျက်နှာကို အရမ်းပွတ်တိုက်ခြင်း။

သင်က ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို တအားကုတ်ခြစ်တာတွေ၊ အရမ်းပွတ်တာတွေ မလုပ်သင့်ပါဘူး။ မျက်နှာကိုပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းတွေနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

 

️မျက်နှာသုတ်ဖို့ အဝတ်ကို သီးသန့်မထားခြင်း။

ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်သင့်ပါဘူး။ ခန္ဓာကိုယ်က ဘက်တီးရီးယားတွေက ကိုယ့်မျက်နှာအသားအရေကိုပျက်စီးစေပါတယ်။ သင်က မျက်နှာအသားအရေကို ဂရုစိုက်တယ်ဆိုရင်တော့ မျက်နှာသုတ်ပုဝါ သက်သက်ထားပါလိုအကြံပေးချင်ပါတယ်။

null

️အရမ်းပူတဲ့ရေနဲ့ မျက်နှာသစ်ခြင်း။ 

ရေနွေးနဲ့မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်တဲ့အခါ အရမ်းပူတဲ့ရေကိုတော့ မသုံးသင့်ပါဘူး။ သင့်တော်လောက်တဲ့ ရေနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။

null

ကိုယ့်ရဲ့ မျက်နှာသစ်နည်းလေးတွေက မှားယွင်းနေတယ်ဆိုရင်တော့ အပေါ်က အချက်လေးတွေအတိုင်း ပြောင်းလဲပြီး နည်းလမ်းအမှန်လေးတွေကို လိုက်လုပ်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်....

 

Source : health tips

Photo credit : google

Read More
Loading...
Loading...