သင်္ကြန်တွင်းမှာ ဆံပင်စတိုင် ခပ်လန်းလန်းလေးနဲ့ မိုက်နေစေဖို့ …. - TrueID

သင်္ကြန်တွင်းမှာ ဆံပင်စတိုင် ခပ်လန်းလန်းလေးနဲ့ မိုက်နေစေဖို့ ….

May 24, 2022

ဆယ့်နှစ်လရာသီပွဲတော်များနဲ့ စည်ကားမြဲဖြစ်တဲ့ မြန်မာနိုင်ငံဟာ ခုဆိုရင် မြန်မာရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ပွဲတော်အချိန်ကို ရောက်ရှိဖို့ အချိန်နီးကပ်လာပြီလို့ ဆိုရမှာပါ။ တစ်နှစ်မှာ တစ်ခါပဲကျရောက်တဲ့ သင်္ကြန်ပွဲကို တစ်နှစ်မှာ တစ်ခါပဲကျရောက်တဲ့ သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲကြဖို့ ပြင်ဆင်နေကြသူ တွေလည်း ရှိနေပါပြီ။

 

သင်္ကြန်မှာ ဆံပင်အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ ပွဲထုတ်တာတော့ ဟုတ်ပေမဲ့ ကိုယ့်ရဲ့ ဆံသားကျန်းမာရေးနဲ့ အလှအပကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ သင်္ကြန်တွင်းမှာ ဆံပင်စတိုင် ခပ်လန်းလန်းလေးနဲ့ မိုက်နေစေဖို့အတွက် ဘာတွေကြိုပြင်ဆင်ထားရမလဲဆိုတာကို မျှဝေပေးပါမယ်။

 

- ပူလွန်းတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် အသားအရေနဲ့ ဦးရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို နေလောင်ကာခရင်မ် လိမ်းပြီး ကာကွယ်သလို ဆံသားကိုလည်း ဦးထုပ် ဒါမှမဟုတ် ထီး၊ နဲ့ ကာကွယ် ပေးထားသင့်ပါတယ်။

null

- သင်္ကြန်တွင်းမှာ ဆံပင်စတိုင်လေး လှချင်တယ်ဆိုရင်တော့ ဆံသားထိခိုက်ပျက်ဆီးစေတဲ့ အပူပေးစက်တွေနဲ့ ဖြောင့်တာ၊ ကောက်တာ၊ အခြောက်ခံစက် သုံးတာတွေလည်း ခဏတော့ ရှောင်ထားသင့်ပါတယ်။

null

- ညမအိပ်ခင်မှာ သဘာဝအုန်းဆီ သို့မဟုတ် သံလွင်ဆီနဲ့ ဦးရေပြားနေရာအနှံ့ လိမ်းပေးရပါမယ်။ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ဆံပင်ပေါင်းတင်ဆေးတွေအစား အိမ်မှာအလွယ်တကူ ရနိုင်တဲ့ ကြက်ဥအကာ၊ ပျားရည်တို့နဲ့လည်း ဆံပင်သားကို နူးညံ့ပျော့ပျောင်းနေစေဖို့ ထိန်းသိမ်းပေးနိုင်ပါတယ်။

- ရေဓါတ်ခမ်းခြောက်တဲ့အခါ အသားအရေရော ဦးရေပြားကပါ ညစ်နွမ်းခြောက်သွေ့စေပါတယ်။  ဒါကြောင့် ရေဓါတ်ပြည့်ဝနေစေဖို့ ရေများများသောက်သင့်သလို ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေနဲ့ အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်ေတွလည်း စားပေးဖို့ လိုပါတယ်။

null

- နောက်ဆုံးအနေနဲ့  ဆံသားကို ပျက်စီးစေတဲ့ ဆေးလိပ်၊ အရက်သောက်၊ ဆံပင်ကို ကျစ်ဆံမြီးကျစ်တာ၊ ဆံပင်ကို မကြာခဏ ဖြီးတာ၊ လက်နဲ့ ကိုင်တွယ်တာတွေဟာ ဆံပင်သားကို ပျက်စီးစေတဲ့ မကောင်းတဲ့ အကျင့်တွေပါပဲ။ ကိုယ်က လှချင်တယ်ဆိုရင်တော့ ဒီလို မကောင်းတဲ့အကျင့်လေးတွေကို ဖျောက်ထားသင့်ပါတယ်။

null

ဒီအချက် တွေကို သေချာလေး ဂရုစိုက်လုပ်ပေးမယ်ဆိုရင် သင်္ကြန်တွင်းမှာ ဆံပင်စတိုင် ခပ်လန်းလန်းနဲ့ ကိုယ်ကြိုက်သလောက် ကဲလို့ ရပါပြီနော် …

Phot Credit : Google

Read More
Loading...
Loading...