လူငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာက crush ရှေ့မှာဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘဲ ရှက်ကြောက်နေတဲပုံစံ ဖြစ်နေတာတွေ ဖြစ်ပါတယ်။
ဒီအတွက် ခန္ဓာကိုယ်အနေအထားနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပက်ထရစ်ရှာက အကြံဉာဏ်ကောင်းလေး ပေးထားပါတယ်။
အဲဒါကတော့ ကိုယ်သဘောကျတဲ့သူရှေ့မှာ လက်နှစ်ဖက်ကို ယှက်ထားတာမျိုး၊ လက်ပိုက်ထားတာမျိုး မလုပ်ပါနဲ့တဲ့။ လက်ကို ဆုပ်ကိုင်ထားတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ပုံမျိုးပေါက်စေပါတယ်တဲ့။ လက်ပိုက်ထားတာကကျတော့ တစ်ဖက်လူအမြင်မှာ ကြောက်ရွံ့စိတ်ကို ဖြစ်စေနိုင်လို့ပါ။
ဒါဆို ဘယ်လိုနေရင် ဆွဲဆောင်မှု ပိုများလာမလဲဆိုတော့ ဘောင်းဘီအိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ပြီး လက်မလေးကိုပဲ အပြင်ထုတ်ထားပါတဲ့။
အဲဒီလိုလုပ်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ လူအသွင် ပေါက်စေပါတယ်တဲ့နော်။ ပြီးတော့ တစ်ဖက်လူက ကိုယ့်ကို ခင်စရာကောင်းတယ်၊ ပေါ့ပေါ့ပါးပါး နေတတ်တဲ့လူလို့ သတ်မှတ်တတ်ပါတယ်တဲ့။ Crush ဆီက စကားစပြောလာမယ့် အကွက်တွေပါ။
တကယ်လို့ ကိုယ်က အဲဒီလို နေဖို့ အဆင်မပြေတာ ဥပမာ- အိတ်ကပ်မပါတဲ့ ဘောင်းဘီ၊ စကတ်တို့ဆိုရင် လက်နှစ်ဖက်ကို ဒီတိုင်းလေးပဲ ဘေးမှာ ချထားလိုက်ပါတဲ့။
အဲဒါကလည်း ဆွဲဆောင်မှုရှိသလို freestyle နေတတ်တဲ့ ပွင့်လင်းတဲ့ လူတစ်ယောက်ပုံစံ ရစေပါတယ်။ ဒီလောက်ဆို crush နဲ့ အဆင့်တက်ဖို့ ကြိုးစားလို့ ရပါပြီ။
Ref : https://www.thesun.co.uk/fabulous/17517746/body-language-expert-move-instantly-attractive/
Photo Credit : Google