လူတိုင်းသိထားသင့်တဲ့ ဝက်ခြံအကြောင်း - TrueID

လူတိုင်းသိထားသင့်တဲ့ ဝက်ခြံအကြောင်း

August 5, 2022

ဝက်ခြံဆိုတာ လူတိုင်း ကြုံတွေရတဲ့ အရာတစ်ခုပါ။ ကလေးဘဝကနေ ကြီးကောင်ဝင်လာတဲ့အချိန်၊ လူပျိုဖော်အပျိုဖော်စဝင်တဲ့ အချိန်တွေမှာဆိုရင် ဝက်ခြံတွေ စထွက်တတ်ပါတယ်။ ဝက်ခြံဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရာကတော့ ဟော်မုန်း ပြောင်းလဲခြင်းနဲ့ ဘက်တီးရီးယားကြောင့်ပါပဲ။ ဝက်ခြံဆိုတာမျိုးက မျက်နှာကို ဂရုတစိုက်ထိန်းသိမ်းနေရဲ့သားနဲ့ကို ထွက်ထွက်လာတတ်တာမျိူးပါ။

မျက်နှာမှာ ဝက်ခြံတွေပေါက်နေရင် အလှပျက်မယ်၊ အပြင်သွားရမှာလည်း ရှက်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ဒီလို ကိုယ့်ကို ရုပ်ဆိုးစေတဲ့ ၊ စိတ်ညစ်ညူးစေတဲ့ ဝက်ခြံနဲ့ ပက်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အကြောင်းတွေကို ပြောပြပေးပါမယ်။ 

null

လူတော်တော်များများက ဝက်ခြံပေါက်ရင် ညှစ်ထုတ်လိုက်တတ်ကြတယ်။ အဲ့ဒါက မှားယွင်းနေတဲ့ထဲက အချက်တစ်ခုပါ။ ဝက်ခြံကိုညှစ်တာ၊ ကလိနေတာ၊ ဆိတ်ဆွနေတာဟာ ရောဂါပိုးမွှားတွေကို အရေပြား အောက်ထဲရောက်အောင် ပို့လိုက်သလို ဖြစ်စေတာကြောင့်ပါ။ ဝက်ခြံညှစ်ခြင်းက ဘယ်တော့မှ မပျောက်တော့မယ့် အမာရွတ်တွေကိုလည်း ဖြစ်စေပါတယ်။ 

စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်လို့ ထင်လေ့ရှိကြပါတယ်။ တကယ်က သေးမွှားတဲ့ စိတ်ဖိစီးမှုလောက်နဲ့တော့ ဝက်ခြံမပေါက်ပါဘူး။ မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွားရေး အဆင်မပြေတော့တာ စတဲ့ တကယ့် အကြီးစား စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါကျရင် ခန္ဓာကိုယ်ကနေ ဆီဘမ်(sebum)လို့ ခေါ်တဲ့ အဆီတမျိုးကို ပိုပြီး ထုတ်ပေးပါတယ်။ စိတ်ဖိစီးမှုကြောင့် မျက်နှာမှာ အဆီတွေ ပိုပြန်လာတဲ့အပြင် မွေးညှင်းအိတ်လေးတွေ ကို ရောင်စေလို့ ဝက်ခြံတွေ ထွက်လာရတာပါ ။

null

မျက်နှာခဏခဏသစ်ရင် ဝက်ခြံမဖြစ်ဘူးလို့ ထင်လေ့ရှိကြပါတယ်။ မျက်နှာကို ပုံမှန်သစ်ပေးခြင်းဟာ မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးတဲ့အတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး မျက်နှာ ခဏခဏသစ်တာက မျက်နှာအရေပြားကို ခြောက်သွေ့စေပြီး ပျက်စီးစေတဲ့အတွက် ဝက်ခြံကို ပိုဆိုးစေပါတယ်။

တော်တော်များများက နေပူဆာလှုံရင် ဝက်ခြံပျောက်တယ်လို့ ပြောကြပါတယ်။ အမှန်တော့ နေပူဆာလှုံတာနဲ့ ဝက်ခြံနဲ့ ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီး ခဏလောက် အသားညိုသွားရင် ဝက်ခြံက သိပ်မသိသာတော့ တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် နေလောင်တာပျောက်သွားပြီး အသားပြန်ဖြူလာရင် ဝက်ခြံက ရှိနေဦးမှာပါ။  ဒါ့အပြင် လုံလောက်တဲ့ အကာအကွယ်မပါဘဲ နေရောင်ထဲမှာ အကြာကြီး နေမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။ 

null

"ဝက်ခြံမထွက်ချင်ရင် မိတ်ကပ်မလိမ်းနဲ့" လို့ပြောလေ့ရှိကြပါတယ်။ ငယ်ရွယ်နုပျိုသူတွေအဖို့ မိတ်ကပ် မလိမ်းဘဲနဲ့လည်း ကြည့်လို့ကောင်းပေမယ့် မိတ်ကပ်တွေ၊ အလှကုန်တွေ သုံးရတာကြိုက်တယ်ဆိုရင် “အဆီဓာတ်မပါဝင်ပါ”၊ “ချွေးပေါက်မပိတ်စေပါ”၊ စတဲ့ အာမခံချက်ပါတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်သင့်ပါတယ်။ 

လူငယ်တွေ ဆယ်ကျော်သက်တွေအားလုံးဟာ ဝက်ခြံပြဿနာနဲ့ တစ်နေ့မဟုတ်တစ်နေ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ မှန်ကန်ကောင်းမွန်တဲ့ ကုသမှုကို စနစ်တကျခံယူလိုက်ရင် ဝက်ခြံတွေပျောက်ကင်းသွားပြီး  ကိုယ့်ရဲ့ အလှတရားလေးနဲ့ ပြည့်စုံနေတဲ့ မျက်နှာလေးကို ဝင့်ကြွားဂုဏ်ယူစွာ ပြသနိုင်မှာပါ။

null

Photo Credit : Google 

Source : gynaemd.com

Read More
Loading...
Loading...