လူတိုင်းရဲ့ မျက်နှာပြင်မှာ ဆဲလ်သေတွေ ရှိနေတတ်ပါတယ်။ ဆဲလ်သေနဲ့အညစ်အကြေးတွေကို သေချာမဖယ်ဘဲ skincare တွေ အထပ်ထပ်သုံးရင် အာနိသင်အပြည့်အဝ မရပါဘူး။
Exfoliationလုပ်တာဟာ skinပေါ်မှာရှိတဲ့ dead cellတွေ နေရောင်ခြည်ကြောင့် အသားရေမညီတာတွေ၊ အမဲစက် ၊အမာရွတ်တွေ၊ damage cellတွေ ဖယ်ရှာပေးတာပါ။ dead cellတွေကို မဖယ်ရှားပဲ များလာတဲ့အခါ ဝက်ခြံ၊ ဆားဝက်ခြံ၊ အဆီဖု၊ အသားရေမညီတာတွေ၊ အသားရေညစ်တာတွေ၊ ချွေးပေါက်ကျယ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့် အရေပြားကို နူးညံ့စိုပြေ ကျန်းမာဖို့၊ လိမ်းတဲ့ Skincare ဟာ မျက်နှာကို သေချာ အာနိသင်ရဖို့ ၊ အနည်းဆုံး တစ်ပတ်ကို (1)ကြိမ် (သို့) (2)ကြိမ်ခန့် Exfolaliating လုပ်ပေးဖို့ လိုအပ်ပါတယ်။
Exfoliation လုပ်ခြင်းရဲ့ကောင်းကျိူးတွေကတော့ အသားရေညီလာမယ်။ ချွေးပေါက်တွေကိုပွင့်စေပြီး breakout ဖြစ်ခြင်းမှ တားဆီးပေးတယ်။ အသားရေ glow လာမယ်။ အသားအရေရဲ့ Collagen ထုတ်လွှတ်မှုအားကို ကောင်းစေလို့ အရေတွန့်ခြင်းမှ ကာကွယ်ပေးတယ်။ လိမ်းသမျှ Skincare တွေကို ပိုမိုစုပ်ယူမှုအား ကောင်းစေတယ်။ အမဲစက်၊ အမာရွတ် ၊ဝက်ခြံ၊ ဆားဝက်ခြံတွေ သက်သာလာမယ်။ အသားရေကြည်လာမယ်။ ချွေးပေါက်တွေကျဉ်းလာနိုင်ပါတယ်။
Exfoliate ပြုလုပ်ပုံအဆင့်ဆင့်ကတော့ … ကိုယ့် skin type နဲ့ကိုက်ညီမယ့် အမျိုးအစားကို ရွေးချယ်ပါ။ အနည်းငယ်စိုစွတ်နေသောမျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်ပေးပါ။ ရေနွေးနွေးနဲ့ရေဆေးချပြီး moisturizer လိမ်းဖို့ပါပဲ။
Photo Credit : Google
Source : Beauty Tips