ကောင်လေးတွေကို ဆွဲဆောင်နိုင်ဖို့ ဒီအချက်တွေကို လုပ်ပါ ... - TrueID

ကောင်လေးတွေကို ဆွဲဆောင်နိုင်ဖို့ ဒီအချက်တွေကို လုပ်ပါ ...

September 26, 2022

မိန်းကလေးတော်တော်များများဟာ တစ်ယောက်ယောက်ကို တိတ်တိတ်လေးချစ်နေတတ်ပေမယ့် ဘယ်လိုဆွဲဆောင်မှု ရှိအောင် နေရမလဲ ဆိုတာ မသိကြပါဘူး။ တကယ်လို့သင်ဟာ ဒီလိုမိန်းကလေးမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်ပြီး ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

 

လက်သည်း ခြေသည်း

ကောင်လေးတွေဟာ ကောင်မလေးတွေကို စိတ်ဝင်စားပြီးဆိုရင် ခြေသည်းလက်သည်းတွေကအစ ဂရုတစိုက်ကြည့်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ ပုံစံမတူကြပေမယ့် အများစုက သတိထားကြတာမို့ ခြေသည်း လက်သည်းကို သပ်သပ်ရပ်ရပ်လေး နဲ့ လှလှပပနေဖို့ လိုအပ်ပါတယ်။

null

မျက်ခုံးမွှေး

ကောင်လေးတော်တော်များများက  မျက်ခုံးမရှိလို့၊ ပါးလို့မျက်ခုံးကို အထူကြီးခြယ်သထားရင် သိပ်ပြီး သဘောကျလေ့မရှိကြပါဘူး.. ဒါ့ကြောင့် မျက်ခုံးဆွဲတဲ့အခါမှာ အရမ်းကြီးသိသာအောင် မဆွဲဘဲ ကြည့်ကောင်းရုံ ခပ်ပါးပါးလေး ခြယ်သထားတာကို ပိုပြီး သဘောကျတတ်ကြပါတယ်။

null

 

မိတ်ကပ်

ကောင်လေးတွေက Make Up တွေ ထူထူပိန်းပိန်းကြီး On ထားတဲ့ look ထက် ပါးပါးကြည်ကြည်နဲ့ သဘာဝအတိုင်း လှပနေတာမျိုးကို သဘောကျ ကြပါတယ်။

null

 

ရေမွှေး

များသောအားဖြင့် ကောင်လေးတော်တော်များများက ကောင်မလေးတွေရဲ့ ရေမွှေးရနံ့ကို သဘောကျတဲ့အပြင် အာရုံစိုက်တတ်ကြပါတယ်။ ကောင်လေးတွေက သင့်ရဲ့ ကိုယ်သင်းရနံ့ ဒါမှမဟုတ် အမြဲအသုံးပြုတဲ့ ရေမွှေးရနံ့လေးကို ရရှိလိုက်တာနဲ့ သူ့ရဲ့ အတွေးထဲမှာ သင့်ကို အရင်ဆုံးပြေးမြင်မိမှာအသေအချာပါပဲနော်။

null

Photo Credit : Google

Read More
Loading...
Loading...