သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမယ့် အမူအကျင့် (၅)မျိုး - TrueID

သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမယ့် အမူအကျင့် (၅)မျိုး

August 5, 2022

သင်က ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက် ဖြစ်ချင်လား ..? ဒါဆိုရင် ဒီအချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။ 

လူတစ်ယောက်ဆွဲဆောင်မှုရှိ တယ်ဆိုတာ မိတ်ကပ်တွေ အထူကြီးတွေလိမ်းပြီး Branded တွေကို ကိုင်နိုင် သုံးနိုင်မှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရုပ်အသွင်အပြင် ပုံပန်းသဏ္ဏာန်နဲ့လည်းမဆိုင်ပါဘူး။ ဘယ်လောက်ပဲပြင်ထား ပြင်ထား ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့ မိန်းကလေးက ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်မလာပါဘူး။

ဆွဲဆောင်မှုရှိတယ် ဆိုတာ ကိုယ့်ရဲ့ စိတ်နေစိတ်ထား၊ ကိုယ့်ရဲ့အပြုအမှု၊ ကိုယ့်ရဲ့ပုံစံပေါ်မှုတည်ပြီး ဆုံးဖြတ်ပေးတာပါ။ ဒါကြောင့် ဘယ်လို အမူအကျင့်တွေက ကိုယ့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေပြီး၊ ဘယ်လိုအရာမျိုးတွေက ကိုယ့်ကို ဆွဲဆောင်မှုရှိစေမလဲဆိုတာကို ကြည့်လိုက်ကြရအောင်ပါ။ 

၁. ပွင့်ပွင့်လင်းလင်းနေပါ၊

နေရာတိုင်းကို အကုန်လုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းနေပါ ၊ပြောပါလို့ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကိုယ်ကအမှားလုပ်မိပေမယ့် မသိချင်ယောင်ဆောင် ဝန်မခံတာမျိုး တွေက သူများသိသွားရင်လည်း မကောင်းသလို တစ်ဖက်လူစကားကို ရဲ့ ဆွဲဆောင်မှုကိုပါ လျော့ကျစေပါတယ်။ ကိုယ်အရှိကိုအရှိတိုင်း ပုံစံအစစ်အမှန်ကိုချပြပြီး ပွင့်ပွင့်လင်းလင်းနေပါ။ 

null

၂. စကားပြောတဲ့အခါ တစ်ဖက်လူစကားကို နားထောင်ပါ။

ကိုယ်ပြောချင်တာကိုပဲပြောမယ် သူများပြောတာလည်း လက်သင့်မခံသလို သူများပြောတာလည်း နားမထောင်ပေးဘူး။ ဒါတွေက ကိုယ်ရဲ့ဆွဲဆောင်မှုကို အရမ်းလျော့ကျစေပါတယ်။ ဒါကြောင့်သူများနဲ့ စကားပြောတဲ့အခါ တစ်ဖက်လူ စကားကိုလည်း သေချာနားထောင်ပေးပါ။

null

၃. ပြောသမျှအရာတွေကို လိုက်ခံစား မနေပါနဲ့။ 

ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ပြောသမျှကို လိုက်နားထောင်ပြီး လူတိုင်းအကြိုက် ဖြစ်အောင်လဲ အတင်းလိုက်ကြိုးစားနေစရာလဲ မလိုပါဘူး။ 

null

၄.ကိုယ့်ကိုယ်ကို ရှေ့တန်းတင်ပါ။ 

အမြဲတမ်း သူများကို ကြည့်နေစရာမလိုပါဘူး။ ကိုယ်လုပ်ချင်တာ၊ ကိုယ်စားချင်တာကို ကိုယ်ဝါသနာပါ တာတွေကို လိုက်လုပ်ကြည့်ပါ။ အမြဲတမ်းသူများနောက်လိုက်နေရင် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ပျောက်သွားစေပြီး ဆွဲဆောင်မှုကို လျော့ကျ သွားစေမှာပါ။ 

null

၅. စကားပြောတဲ့အခါမှာ Eye Contact ရှိပါ။ 

စကားပြောတဲ့အခါမှာ ယုံကြည်မှုရှိရှိနဲ့ ကိုယ်ပြောနေတဲ့သူရဲ့ မျက်လုံးကို သေချာကြည့်ပြီးပြောပါ။ ဒီလိုလုပ်ခြင်းက ကိုယ်နဲ့စကားပြောနေတဲ့သူရဲ့ ဆွဲဆောင်မှုရသလို ကိုယ်ပြောတဲ့စကားကိုလည်း အလေးအနက်ထား နားထောင်စေမှာပါ။

ဒီအချက်လေးတွေက သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေဖို့အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။  သင်က ဆွဲဆောင်မှုရှိတဲ့ သူဖြစ်ချင်တယ်ဆိုရင်တော့ အပေါ်ကအချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်း ချင်ပါတယ်ရှင်။ 

null

Source : easy2youlife.com

Photo Credit : Google.com

Read More
Loading...
Loading...