အနံ့ရှုရှိုက်ရုံနဲ့ ဝိတ်ကျစေနိုင်တဲ့ သဘာဝအနံ့ (၄) မျိုး - TrueID

အနံ့ရှုရှိုက်ရုံနဲ့ ဝိတ်ကျစေနိုင်တဲ့ သဘာဝအနံ့ (၄) မျိုး

August 5, 2022

တော်တော်များများသိထားကြတာက ကိုယ်အလေးချိန်ကျဖို့အတွက်ဆိုရင် အစားလျော့ရမယ်၊ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ နည်းလမ်း (၂) ခုကိုပဲ လက်ခံသိထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အနံ့ရှုရှိုက်ရုံနဲ့ လျော့ကျစေနိုင်တယ် ဆိုတာဟာ အနည်းငယ်တော့ ထူးဆန်းကောင်းထူးဆန်းနေနိုင်ပါတယ်။

 

ဒီနည်းလမ်းကတွေက  ရနံ့ကုထုံးပညာရှင်တွေနဲ့ လေ့လာသူတွေ သုတေသနပြုလုပ်ထားတဲ့ မှတ်တမ်းတွေအရ အမှန်တကယ်ထိရောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုထားကြပါတယ်။ ဒါကြောင့် သဘာဝအနံ့တွေ ရှုရှိုက်ရုံရင်း နဲ့ ဝိတ်ကျစေမယ့် နည်းလမ်းတွေကို ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်။

 

ကြက်သွန်ဖြူအနံ့

၂၀၁၂ ခုနှစ်လေ့လာချက်တွေအရ ဟင်းခတ်အမွှေးအကြိုင်မျိုးဝင်တွေဖြစ်တဲ့ ကြက်သွန်၊ ငရုတ်ကောင်းနဲ့ ငရုတ်သီးတို့ စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ အထောက်အကူပေးနိုင်တဲ့အပြင် အနံ့ကို ရှုရှိုက်ခြင်း အားဖြင့်လည်း အကူအညီဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

null

ဂရိတ်ဖရုသီးအနံ့

လေ့လာချက်တွေအရ ဂရိတ်ဖရုသီးကို မစားခင် အနံ့ကို ၂ မိနစ် ၃ မိနစ်ခန့် ရှုရှိုက်ပေးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျ စေဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဂရိတ်ဖရုသီးရဲ့ရနံ့ဟာ အစာစားချင်စိတ်ကိုလျော့ကျစေတဲ့အပြင် အသည်းကျန်းမာရေးအတွက်ပါ အကျိုးပြုစေတယ်လို့ ဆိုပါတယ်။

null

ပူစီနံရွက်အနံ့

ပူစီနံအရွက်ကနေထုတ်လုပ်ထားတဲ့ ပူစီနံအဆီ ဒါမှမဟုတ် ပူစီနံရွက်အနံ့ဟာ Trigeminal အာရုံကြောကို နှိုးဆွပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေနိုင်တယ်လို့ ရနံ့ကုထုံးပညာရှင်တွေကဆိုပါတယ်။ ပူစီနံရွက်ရဲ့ ပူရှိန်းရှိန်း ရနံ့ဟာ သွေးထဲက အဆီဓာတ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့လည်း သိရပါတယ်။

null

ပန်းသီးစိမ်းနဲ့ ငှက်ပျောသီးအနံ့

သုတေသနဖောင်ဒေးရှင်းရဲ့ လေ့လာချက်တွေအရ ဗိုက်အရမ်းဆာနေချိန် အတွင်းမှာ ပန်းသီးစိမ်းအနံ့နဲ့ ငှက်ပျောသီးအနံ့တို့ကို ရှုရှိုက်လိုက်မယ်ဆိုရင် အစားစားချင်စိတ်ကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ ဆိုထားပါတယ်။

null

သင်က ပေါ့ပေါ့ပါးပါးလေး နဲ့ ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင်တော့ အပေါ်မှာဖော်ပြပေးခဲ့တဲ့ ရနံ့ (၄) မျိုးကို ရှုရှိုက်လိုက်ပါတော့နော်….

 

Photo Credit : Google

Source: Healthline.com

Read More
Loading...
Loading...