ဆံပင်မြန်မြန်သန်ချင်လား ဒါတွေစားပါ - TrueID

ဆံပင်မြန်မြန်သန်ချင်လား ဒါတွေစားပါ

January 7, 2022

ဆံပင်တွေကျွတ်ပြီး ပါးသွားလို့စိတ်ညစ်နေကြလား။ ဘယ်သူမဆို ဆံပင်တွေ ပြန်သန်စွမ်းလာတာ၊ ပြန်ပေါက်လာတာကို လိုချင်ကြတာချည်းပါပဲ။  ဆံပင် ပါးတာကို သက်သာစေဖို့ အာဟာရ အထောက်အကူတွေ လိုအပ်လာပါတယ်။ ဆုံးရှုံးသွားတဲ့ဆံပင်တွေကို မြန်မြန်ပြန်ပေါက်လာဖို့အတွက် ကြိုးစားနေတယ်ဆိုရင် ဒီအစားအစာတွေနဲ့ ဖြေရှင်းကြည့်လို့ရပါတယ်။ 

 

  • ကြက်ဥ

 ကြက်ဥမှာက ပရိုတင်းနဲ့ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင် B ကြွယ်ဝလွန်းပါတယ်။ ကိုယ့်ဆံပင်ကို မြန်မြန်သန်ချင်တယ်ဆိုရင်တော့ တစ်ပတ်ကို နှစ်ကြိမ်လောက် ကြက်ဥပါတဲ့ မနက်စာစားပေးရပါမယ်။ 

null

  • ဟင်းနုနွယ်ရွက်

ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ဗီတာမင် B,C,နဲ့ E ၊ စတဲ့ အာဟာရဓာတ်တွေ စုံလင်စွာပါဝင်တဲ့ ဟင်းနုနွယ်ရွက်က ဆံပင်သန်အားဖြည့်စာ အဖြစ်လည်း စားပေးလို့ရပါတယ်။ ဒါ့အပြင် ဆံသားခြောက်ပြီး ပြတ်ထွက်တာမျိုးမရှိဘဲ နူးညံ့ချောမွေ့စေပါတယ်။ 

null

  • ပဲအမျိုးမျိုး 

ပဲအမျိုးမျိုးမှာ ဗီတာမင် E နဲ့  အသားဓာတ် အပြင်ဇင့်ဓာတ်ပါ ပါဝင်တာကြောင့် ဆံသားကို ပြန်လည်ပြုပြင်ပေးပြီး ဆံပင်မြန်မြန်သန်ဖို့အတွက် ကူညီအားဖြည့်ပေးတာကြောင့် ဆံပင်ပါးတဲ့သူတွေ အနေနဲ့ နေ့တိုင်းစားပေးဖို့တော့ လိုအပ်ပါတယ်။ 

null

  • ငါးကြီးဆီ 

သဘာဝငါးကနေရရှိတဲ့ အဆီအနှစ်တွေ ဖြစ်ပြီး ဆေးတောင့်အနေနဲ့သောက်သုံးနိုင်တဲ့ ငါးကြီးဆီက အရေပြားကို ကျန်းမာစေပါတယ်။ ဦးနှောက်နဲ့မျက်စိအာရုံကြောကိုလည်း အားကောင်းစေတဲ့အပြင် ဆံပင်ကျွတ်တဲ့ သူတွေအတွက်လည်း အရမ်းကိုတန်ဖိုးကြီးမားတဲ့ အာဟာရဓာတ်ဆိုလည်း မမှားပါဘူး။ 

 

  • မုန်လာဥနီ

မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်း အတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းဖို့အရေးပါတဲ့ အာဟာရ ဘီတာကယ်ရိုတင်းဓာတ် လုံလောက်စွာပါရှိပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် A ကလည်း ဦးရေပြားအတွက် ကောင်းတဲ့ သဘာဝအဆီထုတ်လုပ်ပေးဖို့ အထောက်အကူပြုတာကြောင့် ဆံပင်သန်ချင်တယ်ဆိုရင်တော့ မုန်လာဉနီက ချန်ထားခဲ့လို့ မရပါဘူး။

null

အခုဖော်ပြခဲ့တဲ့ အစားအစာ ၅ မျိုးက ဆံပင်ပေါက်နှေးတဲ့သူတွေ၊ မကြာခဏ ပြုပြင်နေလို့ ဆံသားကြမ်းပြီး ခြောက်တဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။  သင်ပ ဆံပင်မြန်မြန်သန်ချင်တဲ့ သူဆိုရင်တော့ ဒါတွေကို နေ့တိုင်း သင့်တော်ရုံပမာဏလောက် စားပေးဖို့ မမေ့ပါနဲ့။

 

Source : Organicroots

Photo Credit : Google.com  

Read More
Loading...
Loading...