အားလုံးကို အခုတစ်ခေါက်ပေးချင်တဲ့နည်းလမ်းလေးကတော့ အပြုံးလှလှလေးတွေ ရရှိအောင် လုပ်ဆောင်ရမယ့် နည်းလေးတွေပဲဖြစ်ပါတယ်။ သင်က အပြုံးလှလှလေးတွေ ပိုင်ဆိုင်ချင်တဲ့သူဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို ချက်ချင်းလုပ်ဆောင်လိုက်ပါနော်။
အပေါ်သွားနှင့်အောက်သွားကို ထိပြီးမရယ်မိပါစေနှင့် ။
လူတော်တော်များများ ပြုံးလိုက်ရင်လုပ်တတ်တဲ့အမှားက အပေါ်သွားနှင့် အောက်သွားကို ထိပြီးရယ်တာပါ။ ဒါက သင့်အပြုံးကို မလှပစေတဲ့အပြင် လည်ပင်းကြွက်သားတွေကို တင်းလာစေပြီး မျက်နှာအရေပြားကို ပိုပြီးဖောင်းလာစေပါတယ်။ ဒါကြောင့် သဘာဝကျကျလှပတဲ့အပြုံးလေး ဖြစ်စေဖို့အတွက် အပေါ်သွားနှင့်အောက်သွားကို မသိမသာလေး ခွာပြီး ပြုံးပေးပါနော်။ အပေါ်သွားနှင့်အောက်သွားကို ထိပြီးတော့မရယ်ပါနှင့်။
သွားကိုလိုတာထက်ပိုဖြဲပြီး မရယ်မိပါစေနှင့်။
တချို့က ကြီးမားတဲ့အပြုံးတွေရရှိဖို့အတွက် ရှိသမျှသွားတွေ အကုန်ဖြဲပြီး ရယ်ပါတယ်။ သွားပေါ်အောင်ရယ်တာက ကောင်းပေမယ့်အတင်းကြီး သွားတွေကိုဖြဲပြီး ရယ်တာက အပြုံးကို မလှမပ ဖြစ်စေပါတယ်နော်။ အမေရိကန်ကသိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ သွားတွေအကုန်ဖြဲပြီးရယ်တာက တစ်ဖက်သားဆီက အထင်ကြီးခံရမှုကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရယ်ပြီဆိုရင် လိုတာထက်ပိုပြီး သွားကိုဖြဲပြီးမရယ်မိပါစေနဲ့နော် ။
မရယ်ခင်သွားကိုပြောင်လက်နေအောင်ထားပါ။
ဒါကတော့ ဓာတ်ပုံရိုက်တာတို့ ပွဲအခန်းအနားတွေတတ်တဲ့အခါ လိုအပ်မယ့်နည်းလေးဖြစ်ပါတယ်။ ရယ်မောတဲ့အခါ သွားကိုပြောင်ပြောင်လက်လက်လေး ဖြစ်နေစေချင်ရယ် မရယ်ခင်ကတည်းက သွားလေးကို ပြောင်လတ်နေအောင်တိုက်ပြီးတော့ အပေါ်ကနေ Vaseline အဆီလေးနည်းနည်းသုတ်လိမ်းပေးရပါမယ်။ ဒီနည်းလမ်းလေးက beauty blogger တွေ အများစုအသုံးပြုကြတဲ့နည်းလေးဖြစ်ပါတယ်။
ကင်မရာကို မျက်လုံးအပေါ်ကနေ ထားပေးပါ ။
ဒါလေးကတော့ ဓာတ်ပုံရိုက်တဲ့အခါ အပြုံးလှလှလေးထွက် ချင်တဲ့သူတွေအတွက်ပါနော်။ ကင်မရာကို မျက်လုံးအနေအထားအကွာအဝေးကနေ နည်းနည်းမြင့်တဲ့ အပေါ်လေးမှာထားပြီး ရိုက်ပေးတာက မေးနှစ်ထပ်ဖြစ်တာတွေ မျက်နှာအစ်တာတွေကိုပျောက်စေပါတယ်။ ရယ်လိုက်ရင် တောက်တောက်ပပလေးနဲ့ ပိုပျော်တဲ့ပုံစံ သဘာဝကျကျအပြုံးလေးရချင်ရင် ဒီနည်းလမ်းလေးကို အသုံးပြုပေးပါနော်။
လျှာကို အပေါ်ရှေ့သွားတွေရဲ့ အနောက်မှာထားပေးပါ။
အပြုံးလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် လျှာအနေအထားကလည်းအရေးကြီးပါတယ်။ လျှာကို ရှေ့သွားလေးတွေနဲ့ကပ်ပြီး ရယ်တာက အောက်နှုတ်ခမ်းအနေအထားလေးကို ပိုပြီး ပြည့်စုံစေပြီး သွားကြားကလစ်နေတဲ့နေရာလေးတွေကိုလည်း ဖြည့်ပေးသလိုပုံစံလေး ဖြစ်သွားစေပါတယ်။ ဒါကြောင့် ရယ်တဲ့အခါ လျှာလေးကို အပေါ်ရှေ့သွားလေးတွေနောက်မှာထားပြီးရယ်ပေးပါနော်။
အခုဖော်ပြသွားတဲ့နည်းလမ်းလေးတွေက မိန်းကလေးနည်းနည်းဆန်ပေမယ့် အပြုံးလှလှပိုင်ဆိုင်ချင်တဲ့ မည်သူမဆို စမ်းကြည့်လို့ရပါတယ်နော်။ အားလုံးပဲ အပြုံးလှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Source - https://beaversdentistry.com/how-to-have-the-perfect-smile-in-every-picture/
Photos - Biscayne Dental & Facial Aesthetics , My Zeo , Dr. Ania Mohelicki , PNGitem