အမျိုးသမီးတွေ တော်တော်များများရဲ့ အကြိုက်ကတော့ လက်သည်းလေးတွေကို အရောင်လှလှလေးတွေ ဆိုးကြသလို အရုပ်လေးတွေနဲ့လည်း ပုံဖော်ဆိုးကြပါတယ်။ အမျိုးသမီးတိုင်း အသုံးပြု ပြင်ဆင်ခြယ်သလေ့ရှိတဲ့ လက်သည်းနီမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ထိခိုက်တာတွေ ရှိနိုင်တယ်လို့ အကြမ်းဖျင်း သိထား ကြပါတယ်။ ဒါပေမဲ့လို့ လက်သည်းဆိုးပြီးတဲ့အခါ ခန္ဓာကိုယ်အတွင်း၊ အပြင်ဆိုးကျိုးတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကိုတော့ ဘယ်သူမှ သတိမထားမိတတ်ကြပါဘူး။
လက်သည်းနီတွေ လက်သည်းမှာ ကြာကြာခံဖို့နဲ့ ဆိုးတဲ့အခါ ချောမွေ့မှုဖြစ်နေအောင် Toluene လို့ ခေါ်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ Toluence ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေတဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုတောင် ဖြစ်စေပါတယ်။ ဓာတ်မတည့်သူတွေမှာ ထိတွေ့မိရုံနဲ့ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
Dibutyl phthalate ကိုတော့ လက်သည်းနီအရောင်တောက်ပနေစေဖို့ အတွက် ထုတ်လုပ်သူတွေက အသုံးပြုကြတာ ဖြစ်ပြီး DBP ဟာ ဟော်မုန်းနဲ့ မျိုးပွားအင်္ဂါတွေကို အဆိပ်အတောက် ဖြစ်စေပြီး အမျိုးသမီးတွေအတွက် ကလေးရဖို့ကိုတောင် အနှောင့်အယှက်ဖြစ်စေပါတယ်။
လက်သည်းနီ ပုလင်းထဲမှာ လက်သည်းနီတွေ ကြာကြာခံနေဖို့ ထည့်တဲ့ ဖော်မလင်ဟာ ဓာတ်ငွေ့ တမျိုးဖြစ်ပြီး ဒီဓာတ်ငွေ့ဟာ ကင်ဆာအထိ ဖြစ်စေနိုင်ပြီး နှလုံးခုန် မမှန်တာ၊ တက်တာ စတာတွေအထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ လက်သည်းဆိုးထားတဲ့အခါမှာ လက်ချောင်းလေးတွေက လှနေမယ်၊ ကြည့်လို့ကောင်းနေမယ် ဆိုပေမဲ့လည်း ဓာတုပစ္စည်းတွေ အများကြီးပါတဲ့ လက်သည်းဆိုးဆေးတွေ ဆိုးချင်တယ်ဆိုရင်တော့ ဓာတ်ပစ္စည်း Ingredients တွေကိုလည်း ဖတ်ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ တချို့သော လက်သည်းနီတွေမှာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။
Source: brightside.me
Photo Credit : Google