ငွေကုန်ကြေးကျမများဘဲ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းအောင် ပေါင်းတင်နည်း (၄) နည်း - TrueID

ငွေကုန်ကြေးကျမများဘဲ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းအောင် ပေါင်းတင်နည်း (၄) နည်း

August 5, 2022

လူတစ်ယောက်ရဲ့ အလှတရားကို မျက်နှာကို ကြည့်ပြီး ဆုံးဖြတ်ကြလေ့ရှိပါတယ်။ ကိုယ့်ရဲ့ မျက်နှာ အသားအရေပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ စိတ်ညစ်ရသလို ဝက်ခြံပေါက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ ဝက်ခြံအမာရွတ် ချိုင့်ခွက်တွေကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ကြရပြန်ပါတယ်။ ဒီလိုမျိုးတွေ လုံးဝ စိတ်ညစ်စရာ မလိုအောင် ဝက်ခြံအမာရွတ်တွေကို ငွေကုန်ကြေးကျ မများဘဲ ကိုယ့်အိမ်မှာ အလွယ်တကူရှိတဲ့ အရာလေးတွေနဲ့ ပေါင်းတင်လို့ရနိုင်မလဲဆိုတာကို ပြောပြပေးပါနော် …

 

သခွားသီး

သခွားသီးကို ကြိတ်ချေပြီးရလာတဲ့ သခွားရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ ပုံမှန်သုတ်လိမ်း ပေးမယ်ဆိုရင် ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အပြင် ဝက်ခြံတွေ ထပ်မထွက် လာစေဖို့လည်း ကာကွယ်ပေး နိုင်ပါတယ်။

null

ရှားစောင်းလက်ပက်

အသားအရေကောင်းစေတဲ့နေရာမှာ ဆရာတစ်ဆူလို့ သိထားတဲ့ ရှားစောင်းလက်ပက် ကို သံပုရာရည် စားပွဲတင် ဇွန်း၁ဇွန်း နဲ့ ရောမွှေလိုက်ပါ။ ရလာတဲ့အရည်ကို အမာရွတ်ရှိတဲ့နေရာကို ၁၀မိနစ်ခန့်လိမ်းသုတ်ပေးပြီး ရေနဲ့ ဆေးကြော လိုက်မယ်ဆိုရင်တော့ ပျက်စီးနေတဲ့ အသားအရေ ပြန်လည်ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

null

 

ပျားရည်

ပျားရည် လက်ဖက် ရည်ဇွန်း တစ်ဇွန်းနဲ့ သံပုရာရည် အနည်းငယ်တို့ကို ရောထားတဲ့ အရောကို ဂွမ်းစလေးကို အသုံးပြုပြီး ဝက်ခြံအမာရွတ်တွေပေါ်မှာ တနေ့ ၂ ကြိမ်ခန့် လိမ်းပေးခြင်းဖြင့်လည်း ပျောက်ကင်းစေနိုင်ပါတယ်။

null

အာလူး နဲ့ ခရမ်းချဉ်သီး

ကျန်းမာရေး ကောင်းစေရုံသာမက အသားအရေလည်းကောင်းစေတဲ့ အားလူးနဲ့ခရမ်းချဉ်သီးကို ကြိတ်ပြီး ရတဲ့ အရည်ကို သံလွင်ဆီ အနည်းငယ်ရောကာ မျက်နှာပေါ်တွင်သုတ်လိမ်းပြီး မိနစ်၂၀ကြာ မှာ ဝက်ခြံအမာရွတ်ပျောက်သွားပါလိမ့်မယ်။

null

ကဲ ဒီနည်းလေးတွေကို တစ်ပတ်ကိုနှစ်ကြိမ်ပြုလုပ်ပေးရင်တော့ ဝက်ခြံအမာရွတ်လေးပျောက်ကင်းပြီး ကြည်လင်ဝင်းပတဲ့ အသားအရေလေးရရှိမှာပဲ ဖြစ်ပါတယ်။

Photo Credit : Google

Source : medicalnewstoday

Read More
Loading...
Loading...