ပိုက်ဆံမကုန်ဘဲ မျက်နှာလေး သေးသွယ်သွားစေမယ့် နည်းလမ်းကောင်း (၅) ခု - TrueID

ပိုက်ဆံမကုန်ဘဲ မျက်နှာလေး သေးသွယ်သွားစေမယ့် နည်းလမ်းကောင်း (၅) ခု

August 5, 2022

မေးနှစ်ထပ် ဖြစ်နေလို့ စိတ်ညစ်နေ ပြီလား .. ? ဒီလို စိတ်ညစ်မှုတွေမရှိရအောင် ဒီဆောင်းပါးလေးကနေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

 

မေးနှစ်ထပ်ဖြစ်တယ်ဆိုတာက မေးစေ့အောက်မှာ အဆီပိုများ စုပုံခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းများကတော့ အဝလွန်ခြင်း၊ မေးစေ့သေးခြင်း၊ မျက်နှာသေးခြင်း (သို့) မေးရိုးမပေါ်ခြင်း၊ ထိုင်တဲ့အခါ ခေါင်းကို အရှေ့သို့ ငိုက်စိုက်ထားခြင်း၊ အသားအရေ အိုမင်းရင့်ရော်လာခြင်း စတဲ့ အကြောင်းအရာတွေ ကြောင့်ပဲဖြစ်ပါတယ်။

မျက်နှာပေါ်မှာ အဆီတွေ ထွက်နေမယ်ဆိုရင်လည်း အင်္ကျီအဝတ်အစားနဲ့ ဖုံးဖိထားလို့ မရနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မေးစေ့နှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

 

  1. အစားအသောက်နဲ့ ထိန်းပါ။ 

ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားချင်တယ်ဆိုရင် အစားအသောက်နဲ့ ထိန်းရပါလိမ့်မယ်။ အဆီအဆိမ့်များတဲ့ အစားအစာတွေ စားမယ့်အစား သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်း နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို များများစားသုံးပေးသင့်ပါတယ်။ အသားအရေရဲ့ကောလဂျင်ထုတ်လုပ်မှုကို အားကောင်းစေဖို့ရန်အတွက် အရိုးပြုတ်ရည်တွေ၊ ပင်လယ်စာတွေ၊ အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေလည်း စားသုံးသင့်ပါတယ်။ 

null

  1. လေ့ကျင့်ခန်း ပြုလုပ်ပါ။ 

လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ့်ရဲ့နောက်ကျော၊ ပုခုံးနဲ့ လည်ပင်းရဲ့အနေအထားကို မှန်ကန်စေပြီး ဝိတ်အလေးချိန် ကျစေပါတယ်။ ဒါ့အပြင် မေးစေ့မှာရှိတဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်လာတဲ့အတွက်ကြောင့် ကော်လဂျင်များများ ထုတ်လုပ်လာနိုင်ပါလိမ့်မယ်။ 

null

  1. မျက်နှာလေ့ကျင့်ခန်း ပြုလုပ်ပါ။

 

ပုံမှာ ပြထားတဲ့အတိုင်း မျက်နှာက မျက်နှာကျက်ပေါ်သို့ မော့ကြည့်နေပြီး လည်ပင်းက ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် နေပါ။ ပြီးရင်မှာ မျက်နှာကို မူလအနေအထားအတိုင်း ပြန်ထားပါ။ ဒီလေ့ကျင့်ခန်းကို နေ့စဉ်နေ့တိုင်း ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

null

4. လျှာလေ့ကျင့်ခန်း ပြုလုပ်ပါ။ 

မျက်လုံးကို အရှေ့တည့်တည့်ကို ကြည့်နေစဉ်မှာပဲ  လျှာကို ပုံမှာ ပြထားတဲ့အတိုင်း နှာခေါင်းနဲ့ ထိကပ်နိုင်ဖို့ရန်အတွက် ကြိုးစားလိုက်ပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက လျှာကို မူလအနေအထားအတိုင်း ပြန်ထားပါ။ ဒီလေ့ကျင့်ခန်းကိုလည်း နေ့စဉ်နေ့တိုင်း ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်နိုင်ပါတယ်။

null

5. လည်ပင်းလေ့ကျင့်ခန်း ပြုလုပ်ပါ။ 

ခါးကို မတ်မတ်ထားပြီး လည်ပင်းကို ပုံမှာပြထားတဲ့အတိုင်း မော့ထားပါ။ ထိုအနေအထားအတိုင်း ၁၀ စက္ကန့်ခန့် တောင့်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက မူလအနေအထားအတိုင်း ပြန်နေပါ။ တစ်ရက်လျှင် ၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

null

ဖော်ပြပေးထားတဲ့ အချက်လေးတွေအတိုင်း ပြုလုပ်ဆောင်ရွက်မယ်ဆိုရင်တော့ မေးနှစ်ထပ်ဖြစ်လို့ စိတ်ညစ်မှုဒဏ်ကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါအပြင် လူတစ်ယောက်ရဲ့မျက်နှာကို ကြီးသယောင် ထင်ရစေတတ်တဲ့ အစိတ်အပိုင်းတွေကတော့ နှဖူး၊ ပါးရိုး၊ မေးရိုးတွေပဲ ဖြစ်ပါတယ်။ သင့်မျက်နှာ ကြီးမကြီးဆိုတာကို လူတွေက ဒါကိုကြည့်ပြီး ဆုံးဖြတ်လေ့ ရှိကြတာဖြစ်ပါတယ်။

 

Photo Credit & Source: Thetrendspotter.net

Read More
Loading...
Loading...