သင်မသိသေးတဲ့ ခေါင်းလျှော်ရင်း ပြုလုပ်တတ်တဲ့ အမှား(၅)ခု - TrueID

သင်မသိသေးတဲ့ ခေါင်းလျှော်ရင်း ပြုလုပ်တတ်တဲ့ အမှား(၅)ခု

August 5, 2022

လူတိုင်းနီးပါး ပြုလုပ်လေ့ရှိတဲ့ ခေါင်းလျှော်တာက လွယ်ကူတယ်လို့ထင်ရပေမယ့် တကယ်တော့ ဆံသားကို ရေဓာတ်ကုန်ခန်းအောင်၊ ဆံသားတွေ ကျိုးကြေအောင်၊ ဦးရေပြားထဲထိ ရောဂါပိုးဝင်အောင် စတာတွေကို သတိမထားမိဘဲ ပြုလုပ်နေမိတဲ့ အမှားအယွင်းတစ်ချို့ရှိပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါမှာ လုပ်မိနေတဲ့အမှားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ သင်လည်း ခေါင်းလျှော်တဲ့အခါမျိုးမှာ ဒီလိုအမှားတွေ လုပ်မိပြီးဆိုရင် ပြင်ဆင်သင့်ပါတယ်နော်။ ကဲ..ဆံပင်ပျက်စီးအောင် ခေါင်းလျှော်တဲ့အခါ ဘယ်လိုအမှားမျိုးတွေ လုပ်မိနေလဲဆိုတာ ကြည့်လိုက်ရအောင်..

 

၁. မကြာခဏခေါင်းလျှော်ခြင်း။ 

ဆေးပညာရှင်တွေရဲ့ အဆိုအရ ခေါင်းလျှော်တိုင်း ခေါင်းလျှော်ရည်သုံးဖို့ မလိုအပ်ပါဘူး။ ဆံပင်ကို တစ်ပတ်မှာ အကြိမ်ပေါင်းများစွာ ရေနဲ့ဆေးချတာလည်း ဖုန်မှုန့်၊အညစ်အကြေးတွေကို ဖယ်ရှားဖို့ လုံလောက်ပါတယ်။ ခေါင်းလျှော်ရည်သုံးပြီး ခေါင်းခဏခဏလျှော်တာက ဆံသားက အဆီနှစ်တွေကို ဖယ်ရှားလိုက်သလို ဖြစ်စေပါတယ်။ ဆံသား အဆီတွေက အစိုဓာတ်ထိန်းပေးပြီး ဆံသားကောင်းဖို့ အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ 

null

၂. ရေများများမလောင်းဘဲ ခေါင်းလျှော်ရည်အများကြီးသုံးခြင်း။ 

ခေါင်းလျှော်ရည်မသုံးခင် အနည်းဆုံး ဆံပင်ကို (၁) မိနစ်လောက် ရေသေချာချာလောင်ပေးသင့်ပါတယ်။ ဆံပင်ကို ရေလုံးဝ စိုသွားစေတာကလည်း ခေါင်းလျှော်ဖို့အတွက် အရေးကြီးတဲ့အဆင့်ပါပဲ။ ဆံပင်အရင်းကနေအဖျားထိ ရေစိုသွားပြီဆိုရင် ခေါင်းလျှော်ရည်ကို သေချာသုံးပေးရုံပါပဲ။ ဒီနည်းလမ်းလေးက ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို နည်းနည်းပဲသုံးမိအောင် ကူညီပေးပါလိမ့်မယ်။

null

၃. ခေါင်းလျှော်ရည်သုံးပြီးမှ ပျော့ဆေးသုံးခြင်း။ 

တော်တော်များများပြုလုပ်လေ့ရှိတဲ့ အမှားက ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို အရင်ဆုံးသုံးပြီးမှ ပျော့ဆေးကို သုံးကြတာပါ။ တချို့ဆံသားအမျိုးအစားတွေအတွက် ပျော့ဆေးသုံးပြီးမှ ခေါင်းလျှော်ရည်ကို သုံးတာ ပိုကောင်းပါတယ်။ Conditioner ပျော့ဆေးကို အရင်သုံးတာက သင့်ဆံသားကို ဒီနည်းက အစိုဓာတ်လိုအပ်တဲ့ ဆံကေသာတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

 

null



  1. ဆံပင်မခြောက်သေးဘဲ ခေါင်းဖြီးခြင်း။ 

ဆံသားက ရေစိုနေတဲ့အချိန်မှာ အားနည်းနေတဲ့ အခြေအနေဖြစ်တာကြောင့် ဆံပင်ရေစိုကြီးကို ခေါင်းဖြီးတာက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဆံပင်ကို ခြောက်အောင် မျက်နှာသုတ်ပဝါနဲ့ အရမ်းသုတ်တာကလည်း ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဆံသားခြောက်သွေ့အောင်လုပ်ဖို့ အကောင်းဆုံးနည်းက ဆံပင်ကို ညင်ညင်သာသာလေး သုတ်ပေးပြီး သဘာဝအတိုင်းအခြောက်ခံတာပါပဲ။

null

  1. ရေနွေးနဲ့ ခေါင်းလျှော်မိခြင်း ။ 

ခေါင်းလျှော်ဖို့အတွက် အကောင်းဆုံး ရေအပူချိန်က ကြက်သီးနွေးရေပါ။ ရေနွေးနဲ့ခေါင်းလျှော်တာက ဆံပင်ကို ကျိုးလွယ်စေပြီး ဆံပင်အရင်းကို အားနည်းစေပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်ပြီးရင်လည်း ရေအေးနဲ့ ပြန်ရေဆေးချ သင့်ပါတယ်။

null

ခေါင်းလျှော်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးထဲမှာ ပါဝင်တာကြောင့် အမြဲပုံမှန်လျှော်သင့်ပါတယ်။ ဒါပေမယ့် နည်းလမ်းမှားတွေနဲ့ ပြုလုပ်နေမယ်ဆိုရင်တော့ သင့်ရဲ့ဆံကေသာတွေကို ပျက်ဆီးစေနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေကို ရှောင်ကြဉ်ပြီး ခေါင်းလျှော်မယ်ဆိုရင်တော့ ကျန်းမာတောက်ပြောင်တဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ 

Photo Credit & Source : Brightside.me

Read More
Loading...
Loading...