မိတ်ကပ်ကြာရှည်ခံအောင် ဘယ်လိုလိမ်းကြမလဲ - TrueID

မိတ်ကပ်ကြာရှည်ခံအောင် ဘယ်လိုလိမ်းကြမလဲ

August 5, 2022

မိတ်ကပ် လိမ်းခြယ်တဲ့အခါ အဆင်မပြေမှာ စိုးကြောက်နေရတာ နဲ့ ကိုယ်ကိုယ်တိုင် မိတ်ကပ် လိမ်းခြယ်ဖို့ မဝံ့မရဲဖြစ်နေ ပါသလား။ ဘယ်အရာကိုမှ မွေးရာပါ ကျွမ်းကျင်တတ်မြောက်လာတာ မရှိဘူးလေနော်။ အရာရာကို လေ့လာ သင်ယူ ရတာပဲ မဟုတ်လား။

 

မိန်းကလေးတော်တော်များများက မိတ်ကပ်ကို အခြေခံတကျ မလိမ်းတတ်ကြတဲ့အခါ ချွေးပြန်၊ ချွေးထိတာနဲ့ မိတ်ကပ်တွေ တန်းပျက်သွားတတ်ပါတယ်။ ဒီလိုမိတ်ကပ်တွေမပျက်အောင် လိမ်းဖို့တော့လိုပါတယ်။ အဲဒါမှ တစ်နေ့တာလုံး မိတ်ကပ်မပျက်ဘဲ ကြည့်ကောင်းနေမှာဖြစ်ပါတယ်။ မိတ်ကပ်ကြာရှည်ခံအောင် ဘယ်လိုလိမ်းရမလဲမသိတဲ့သူတွေအတွက် မိတ်ကပ်လိမ်းနည်းကို ဖော်ပြပေးလိုက်ရပါတယ်။

 

မိတ်ကပ်ကို မှိန်သွားစေတဲ့၊ ပေကျံသွားစေတဲ့ အဆီတွေဖယ်ရှားဖို့အတွက် အရင်ဆုံး သင့်မျက်နှာကို တိုနာနဲ့ သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ သင့်အသားရေက အဆီပြန်တတ်ရင် မိတ်ကပ်က အကြာကြီးမခံဘဲ ပျက်သွားတတ်တာကြောင့် သင့်အသားရေအမျိုးအစားနဲ့ ကိုက်ညီတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။

null

မျက်နှာကို moisturize ခရင်မ်လိမ်းပေးပါ။ နေပူထဲထွက်ရတာများတဲ့အတွက် နေလောင်ဒဏ်ကာကွယ်ပေးတဲ့ ခရင်မ်ကို ပိုသုံးပေးသင့်ပါတယ်။

null

အချိန်အကြာကြီးခံတဲ့ အရည်အသွေးကောင်းတဲ့ အောက်ခံမိတ်ကပ်ကို အသုံးပြုပေးပါ။ အောက်ခံမိတ်ကပ်ကို ရွေးချယ်မယ်ဆိုရင်လည်း ရေစိုခံအောက်ခံမိတ်ကပ်က အကောင်းဆုံးပါပဲ။ မိတ်ကပ်ကို မိတ်ကပ်လိမ်းဖော့နဲ့ မျက်နှာအနှံ့လိမ်းပေးပါ။ ဒါပေမဲ့ အသားရေကို အရမ်းပွတ်ပြီးလိမ်းတာကို ရှောင်သင့်ပါတယ်။

null

ပြီးရင် Face Powder ကို လိမ်းပါ။ ပေါင်ဒါကို နှာခေါင်းနဲ့ မေးစေ့ကဲ့သို့ နေရာတွေကို လိမ်းချင်တယ်ဆိုရင် ပေါင်ဒါလိမ်းဖော့နဲ့ လိမ်းပေးပါ။မျက်နှာတစ်ခုလုံး ပေါင်ဒါလိမ်းတာ နှံ့စပ်ချင်ရင် ပေါင်ဒါလိမ်း Brush နဲ့ လိမ်းပေးလို့ရပါတယ်။

 

Concealer သုံးမယ်ဆိုရင် အဆီမပါတဲ့တစ်ခုကို ရွေးချယ်သင့်ပါတယ်။ Concealer ကို eye shadow အောက်ခံအနေနဲ့ သုံးပြီး လိမ်းလိုက်ရင် eye shadow က အကြာကြီးခံမှာဖြစ်ပါတယ်။

မိတ်ကပ်အချိန်အကြာကြီးခံစေဖို့အတွက် အရည်အသွေးကောင်းတဲ့ပေါင်ဒါက အဓိကကျပါတယ်။ သင်က အဆီပြန်တဲ့ အသားအရေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ပေါင်ဒါကို များများသုံးပေးသင့်ပါတယ်။

null

နှုတ်ခမ်းနီအချိန်တော်တော်ကြာတဲ့အထိ မပျက်စေဖို့ နှုတ်ခမ်းပေါ်မှာလည်း အောက်ခံ မိတ်ကပ် အနည်းငယ်လိမ်းပေးပါ။ Lip Pencil နဲ့ နှုတ်ခမ်းကို လိုင်းဖော်ပေးသင့်ပါတယ်။ ပြီးရင် နှုတ်ခမ်းနီကို အပြည့်ဆိုးလိုက်ပြီး Lip Gloss ပါးပါးလေးဆိုးပေးပါ။ တစ်ရှုးပေါ် ပေါင်ဒါအနည်းငယ်ထည့်ပြီး နှုတ်ခမ်းပေါ်တင်လိုက်ပြီး နည်းနည်းဖိထားလိုက်ပါ။ ပြီးတာနဲ့ ဖယ်ရှားပစ်လိုက်ရင် ပြီးပြည့်စုံတဲ့ နှုတ်ခမ်းလေးဖြစ်သွားမှာပါ။

 

Eyeliner ဆွဲတဲ့အခါ တစ်ခါဆွဲပြီးဆိုရင် ပေါင်ဒါအနည်းငယ်ရိုက်ပေးပါ။အဲဒီနောက် ပြန်ပြီး Eyeliner ဆွဲပေးရင် အချိန်အကြာကြီးမပျက်ဘဲ နေပါလိမ့်မယ်။ ဒါပေမဲ့ ရေစိုခံ Eyeliner ကိုတော့ အသုံးပြုသင့်ပါတယ်။

null

Mascara (မျက်တောင်ကော့ဆေး) ကို ပေါင်ဒါရိုက်ထားတဲ့ မျက်တောင်ပေါ်ကို နှစ်ခါလောက် ကော့ပေးမယ်ဆိုရင် အချိန်အကြာကြီးခံပါတယ်။ ရေစိုခံမျက်တောင်ကော့ဆေးသုံးတာကတော့ အကောင်းဆုံးပါပဲ။

null

ဖော်ပြပေးခဲ့တဲ့ အချက်လေးတွေအတိုင်း သေသေချာချာ စနစ်တကျလိမ်းမယ်ဆိုရင်တော့ မိတ်ကပ်က ချွေးပြန်၊ အဆီထွက်တာနဲ့ ပျက်မှာ မဟုတ်တော့ပါဘူး။ သင်က တစ်နေကုန်အလှမပျက်ဘဲ မိတ်ကပ်ကို အကြာကြီးခံချင်တယ်ဆိုရင်တော့ အထက်မှာ ဖော်ပြပေးထားတဲ့အတိုင်း လိုက်လုပ်ကြည့်ကြပါနော် ….. 

 

Ref: BeBeautiful.in (Tips to keep your makeup smudge proof)

Photo Credit : Google

Read More
Loading...
Loading...